Part 1

4.5K 410 56
                                    

Unicode 

ကုတင်ခေါင်းရင်းဘက်မှာရှိတဲ့ပြတင်းတံခါးကနေ နံနက်ခင်း၏အလင်းရောင်သဲ့သဲ့ဝင်လာချိန် နှိုးစက်မလိုတဲ့ ရှောင်းကျန့်အတွက် အိပ်နေရာကနေနိုးလို့လာ၏။

“အင်းးးး”

ချက်ချင်းမထချင်သေးတဲ့ရှောင်းကျန့်က အမြဲလုပ်နေကြအတိုင်းအိပ်ရာထဲမှာအပျင်းကြောဆန့်ရင်းဟိုဟိုဒီဒီလူးလိမ့်နေလိုက်သေးတယ်။ 

အချိန်စောနေသေးတာပဲဟာကို ခဏမှေးလို့ရပါသေးတယ်။

ဆယ့်ငါးမိနစ်လောက်အကြာမှာတော့ အပြည့်အဝနိုးနေပြီဖြစ်တဲ့ရှောင်းကျန့်က ငုတ်တုတ်ထထိုင်ကာ စောင်ကိုခေါက်လို့အိပ်ရာကိုသေသေသပ်သပ်ဖြစ်အောင်သိမ်းဆည်းလိုက်တယ်။ 

မနက်ခင်းလိုအပ်တဲ့အမှုဆောင်တာများကိုလုပ်ဆောင်ပြီးနောက်မှာတော့ ရေချိုးခန်းထဲမှပြန်ထွက်လာကာ အိပ်ရာဘေးစားပွဲပေါ်မှာတင်ထားတဲ့မျက်မှန်လေးကိုကောက်တပ်လိုက်ပြီး မနက်စာစားဖို့စတင်ပြင်ဆင်ပါတော့တယ်။

ရေခဲသေတ္တာထဲက အသီးအရွက်အချို့နဲ့ အသားပြားနည်းနည်းကိုယူပြီး မနေ့ကကျန်နေသေးတဲ့ ထမင်းနဲ့ရောကြော်လိုက်တယ်။ ကော်ဖီချိုချိုတခွက်ကိုဖျော်ပြီးတဲ့အခါမှာတော့ မနက်စာစားဖို့ ရှောင်းကျန့်ဟာအသင့်ဖြစ်နေခဲ့ပြီဖြစ်တယ်။

ပူနွေးနွေးထမင်းကြော်နဲ့ကော်ဖီချိုချိုက ရှောင်းကျန့်အတွက်တော့ပြီးပြည့်စုံတဲ့မနက်စာပဲ။ သူများတွေက ကော်ဖီဆိုခါးခါးမှသောက်ကြတာပေမယ့် အချိုကြိုက်တဲ့ရှောင်းကျန့်ကတော့ အဲဒီလိုလူတွေနဲ့ဆန့်ကျင်ဘက်ပါပဲ။

နယ်ကနေပေကျင်းမှာကျောင်းလာတက်နေတဲ့ရှောင်းကျန့်အဖို့ အဆောင်မှာလည်းမနေချင်ဘဲ တသီးတသန့်နေချင်တာမို့ ကျောင်းနဲ့မနီးမဝေးကဆိတ်ငြိမ်ရပ်ကွက်လေးတခုမှာ တိုက်ခန်းသေးသေးလေးဌားပြီးနေတာဖြစ်တယ်။ 

တယောက်တည်းနေတာဖြစ်တဲ့အတွက် တကိုယ်ရေတကာယအလုပ်အားလုံးကို ရှောင်းကျန့်ကိုယ်တိုင်သာလုပ်ဆောင်ရပါတယ်။

မနက်စာစားပြီးသွားတဲ့အခါ ကျောင်းသွားဖို့ရာအဝတ်အစားလဲဖို့လုပ်လိုက်ပါတော့တယ်။ ထွေထွေထူးထူးတွဲဖက်ဝတ်ဆင်ဖိုစဥ်းစားမနေဘဲ ဘီဒိုရဲ့အပေါ်ဆုံးမှာမြင်နေရတဲ့ အဖြူရောင်ဟူဒီအပွကြီးကိုဆွဲယူလိုက်ပြီး အနက်ရောင်ဘောင်းဘီရှည်နဲ့တွဲဖက်ဝတ်ဆင်လိုက်တယ်။

One Percent %Where stories live. Discover now