Part 4

1.5K 265 16
                                    

Unicode

သူ့အိမ်ထဲရောက်နေတဲ့လူကဘယ်သူဆိုတာကိုသိလိုက်ရပြီးတဲ့အခါမှာတော့ လွန်ခဲ့တဲ့မိနစ်ပိုင်းတုန်းကသူ့လုပ်ရပ်တွေအတွက်နောင်တရသွားတဲ့ရှောင်းကျန့်မှာ အိမ်ခန်းတံခါးပေါက်ဝဆီကိုပြေးဖို့ရာဦးတည်လိုက်ပါတော့တယ်။

မဖြစ်ဘူး! အခုချက်ချင်းရဲတွေကိုပြန်ပြီးအသိ‌ပေးရမယ်မဟုတ်လား!

ဆိုဖာပေါ်မှာပက်လက်ကလေးလန်ကာလဲနေရာမှ တီဗီကြည့်ပြီးနောက်မှာ ရုတ်တရက်ထပြေးဖို့ကြိုးစားတဲ့အိမ်ရှင်ကောင်လေးရဲ့လုပ်ရပ်ကိုသဘောပေါက်လိုက်တဲ့ ဝမ်ရိပေါ်မှာလည်း အချိန်ဆွဲမနေတော့ဘဲ တံခါးဝဆီဦးတည်နေတဲ့ကောင်လေးဆီသို့အမှီပြေးကာအမြန်လှမ်းဆွဲရတော့လေသည်။

ဖမ်းလို့မိသည်နှင့်ရုန်းကန်နေသည့်ကောင်လေးရဲ့ခါးကိုဝမ်ရိပေါ် အနောက်ကနေတင်းတင်းကျပ်ကျပ်ဖက်ကာ တံခါးဆီသို့မသွားနိုင်အောင်ချုပ်ထားလိုက်သည်။ ထိုအခါကောင်လေးထံမှထိတ်လန့်တကြားဖြင့်စကားသံများထွက်ကျလာတော့၏။

“တောင်းပန်ပါတယ် ကျွန်တော့်ကိုမသတ်ပါနဲ့!”

“------”

“တောင်းပန်ပါတယ် လွှတ်ပေးပါ  ကျေးဇူးပြုပြီး မသတ်ပါနဲ့”

“မအော်နဲ့ ငါပြောတာကိုသေချာနားထောင် နောက်ပြီးတအားရုန်းမနေနဲ့”

ကျယ်လောင်သည်ဟုမဆိုသာသောခပ်ကြိတ်ကြိတ်အသံဖြင့် ဝမ်ရိပေါ်မှသတိပေးသလိုပြောလိုက်သည့်အခါ သူ၏လက်ထဲမှာရုန်းကန်နေခဲ့သောကောင်လေးမှာသိသိသာသာငြိမ်ကျ၍သွားသော်လည်း တုန်ယင်နေသည့်ခန္ဓာကိုယ်လေးမှာ မည်မျှအထိကြောက်လန့်နေကြောင်းသိသာနေ၏။

“နာမည်ဘယ်လိုခေါ်လဲ”

“ရှောင်း...ရှောင်းကျန့်...ပါ”

“ကောင်းပြီ ရှောင်းကျန့် ငါပြောတာကိုသေချာနားထောင်ပါ အရင်ဆုံးငါမင်းကိုဘာမှမလုပ်ဘူးလို့ကတိပေးတယ်”

“အဲ..အဲ..ဒါဆိုလည်း လွှတ်..လွှတ်ပေးတော့လေ”

သူ့ကိုဘာမှမလုပ်ဘူးပြောပေမယ့် လှုပ်မရအောင် တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့လူသတ်သမားကို ရှောင်းကျန့်အရဲစွန့်ပြီးပြောလိုက်မိတယ်။

One Percent %Where stories live. Discover now