Part 1

274 21 9
                                    

တီ ~ တီ ~ တီ ~
မနက်7နာရီတာဝန်အရမြည်ရသော ဖုန်းalarmကြောင့် ဆောနူမထချင်ထချင်နဲ့ပင်ထရသည်။ အိပ်ယာကိုသပ်သပ်ရပ်ရပ်ပြန်ပြင်ပြီးတာနဲ့ အခန်းပြတင်းပေါက်ကိုသူတန်းဖွင့်တယ်။ တိုးဝေ့ဝင်လာတဲ့ လေပြေလေးတွေက ဆောနူရဲ့မနက်ခင်းစိတ်အာရုံကိုကြည်လင်စေတယ်။ သူအပြင်ကို ပြတင်းတံခါးကနေပဲရပ်ကြည့်နေရင်းအဝါရောင်လေးတွေပွင့်နေတဲ့ cosmosပန်းပင်အစုအရုံလေးကိုတွေ့တဲ့အခါ ရုတ်တရက်အတွေးတစ်ခုဝင်လာသည်။

"သူရော ငါရော နှစ်ယောက်လုံးအတွက် အကောင်းဆုံးရွေးချယ်မှုပဲဖြစ်မှာပါ"

ကင်မ်ဆောနူက သဘာဝကိုချစ်တဲ့ သီချင်းတွေကိုချစ်တဲ့ကောင်လေးတစ်ယောက်။ စိတ်ပင်ပန်းရတဲ့အခါမျိုးဆို ထိုအရာတွေကပဲ သူ့အတွက်အကောင်းဆုံး အဖော်လို့ပြောလို့ရသလို စိတ်ကိုပြန်အဆင်ပြေစေတဲ့ မြတ်နိုးစရာကောင်းတဲ့အရာတွေလေ။ ပြီးတော့သူအကြိုက်ဆုံး အဝါရောင်cosmos ပန်းတွေ။ အဲ့ဒီ့ပန်းတွေကရော အရင်လိုပဲသူ့စိတ်ကို ‌healingဖြစ်တဲ့အရာဟုတ်ပါတော့အုံးမလား။

အတွေးလွန်ပြီးနောက် စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းအားကောက်ယူကာ ဖွင့်နေကျplaylistကိုဖွင့်ပြီးရေချိုးခန်း‌ဆီသို့။

~~~~

"ဆောနူ...ငါဒီမှာ"

ဂျောင်ဝန်းကပါးချိုင့်လေးတွေနစ်ဝင်နေတဲ့ထိပြုံးကာဆောနူကိုလက်လှမ်းခေါ်သည်။

"မင်းဘာလို့နောက်ကျနေတာလဲ"

"ငါညကအိပ်တာနည်းနည်းနောက်ကျသွားလို့ပြီးတော့ မနက်က နည်းနည်းအတွေးလွန်နေတာကြောင့်လည်းပါတယ်"

"မင်း အကိုဟီဆွန်းကို လွမ်းနေတာလား ဟုတ်လား"

"မဟုတ်ပါဘူးကွာ လာ သွားမယ် ကိတ်ကရပြီမို့လား ငါတို့အတန်းပါနောက်ကျနေလိမ့်မယ်"

Jakeမွေးနေ့အတွက်supriseလုပ်ရန်မှာထားသောကိတ်အားသွားယူကြခြင်းပင်။ဆောနူတို့က Computer Science major ဒုတိယနှစ် ကျောင်းသားတွေ။ဂျောင်ဝန်းနဲ့ကအထက်တန်းတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေပင်မဲ့ Jakeနဲ့ကျတော့ ပထမနှစ်ကျောင်းစတက်မှ စခင်ကြတာဖြစ်သည်။ကျောင်းစတက်တဲ့နေ့က စာသင်ခန်းရှာမတွေ့လို့ဆောနူတို့ကိုလာမေးတဲ့ ဆံပင်ဝါဝါအပြုံးကြည်ကြည်လေးတွေရှိသော ကိုရီးယား-ဩစတေးလျကပြားလေးJakeရဲ့ပုံစံကိုခုချိန်ထိပင်အမှတ်ရနေဆဲ။

Love me againWhere stories live. Discover now