Episode - 5

607 80 10
                                    

- 🪽 -

“ဂဲဆယ်ဂီ!!..”

ဝုန်း..

အ့..

ဆော့ဂျင်သည် နောက်ထပ်စာရေးခုံတစ်လုံးကို ထပ်ကန်ကာ မျက်နှာကို ခပ်ကြမ်းကြမ်းတစ်ချက် ထိုးလိုက်၏။ အတန်းသားအားလုံး၏ အံ့ဩတကြီး အသံတွေလည်းထွက်ပေါ်လာသည်။

ဂျောင်ဂုကိုယ်တိုင်မှာလည်း လန့်သလိုဖြစ်သွားကာ ဆော့ဂျင်ကို မျက်လုံးအပြူးသားကြည့်နေမိ၏။

ဆော့ဂျင်မှာ ခုဏက ဂျောင်ဂုဘေးတွင် ဇွတ်အားကျပြနေသော ဂန်ရှီဝူးဆီ စာရေးခုံနဲ့ပိတ်ကန်လိုက်သည်မို့ ထိုကောင်ခြေထောက်ခွေကျသွားသည့်အခိုက် လျင်မြန်စွာပင် သွားကာ ထိုးလိုက်တာဖြစ်သည်။

သူကိုယ်တိုင်ဘာလို့ အဲ့ဒီလိုစိတ်လိုက်မာန်ပါလုပ်မိသွားသလဲမသိပါ။ တကယ်တမ်းဂန်ရှီဝူးမှာ အပြစ်ကြီးကြီးမာမားမရှိ။ ရှိနေတာက ဂျွန်မျိုးနွယ်ပဲဖြစ်သည်။ ဒါပေမယ့် နီးကပ်စွာ ရှိနေသည့်ဂျွန်မျိုးနွယ်ကို ဆွဲထိုးရမည့်အစား ခပ်လှမ်းလှမ်းမှာ‌ရှိနေတဲ့ ရှီဝူးအပေါ်ပုံချသလိုဖြစ်သွားသည်။

ဆော့ဂျင်ကိုယ်တိုင် သူ၏ရုတ်တရက်ဆန်သောအပြုအမူကိုနားမလည်နိုင်ဖြစ်သွားသော်လည်း ခပ်အေးအေးပင်။

“နောက်တစ်ခါ မင်းပါးစပ်က အဲ့လိုထွက်စမ်းကြည့် သေအောင်ရိုက်ပစ်မယ်!!”

ဆော့ဂျင်ဆီမှ ကြမ်းတမ်းတဲ့စကားကြောင့် အတန်းထဲကလူတွေလည်း ပိုအံ့ဩသွားသလို ဂျောင်ဂုလည်းထိုနည်းလည်းကောင်းပင်။

“ခဏ..ဆော့ဂျင် ငါအရင်စခဲ့တာမလား ရှီဝူးနဲ့ဘာဆိုင်လို့လဲ”

“မင်းပါးစပ်ကိုလည်း ပိတ်လိုက် !! မင်းဒီလိုပြောချင်ရာ ပြောလို့ရမလား မင်းအဲ့လိုပြောတိုင်း ငါကလည်းမင်းလူတွေကိုထိမှာပဲ.. tsk!!”

ဆော့ဂျင်ကပြောချင်ရာပြောခဲ့ကာ လွယ်အိတ်ယူပြီးအတန်းထဲကထွက်လာခဲ့သည်။ အရမ်းအရေးမကြီးတဲ့ အတန်းချိန်မို့ အလွတ်ခံလိုက်ကာ ဂျူနီယာတန်းတွေဆီထွက်လာခဲ့သည်။

တစ်ခါတည်းလိုနေသည့် သရုပ်ဆောင်ကိုပါရွေးရင်း...။

“ဒါသက်သက်ကြီး ငါကင်မ်ဆော့ဂျင်ကို လုံးဝမကျေနပ်ဘူး”

We're not ROMEO and JULIET Where stories live. Discover now