Episode - 25

423 80 20
                                    

- -

သုံးလခန့်ကြာပြီးနော် >>>

ပတ်ခ်လူကြီးမင်းသည် ရှေ့နေဘက်မှ ချေပမှုကောင်းမှုကြောင့်အလုပ်ကြမ်းနဲ့ထောင်ဒဏ် 10 နှစ်သာကျခဲ့ပြီး အွန်းဗြောလ်ကတော့ ကျောင်းတစ်နှစ်နားလိုက်ရသည် ။

ထိုရက်တွေမှာတော့ ကင်မ်လူကြီးမင်းနဲ့  ဂျွန်လူကြီးမင်းက အရင်ကထက်ပို၍တရင်းတနှီးရှိသည်ပဲ ပြောရမလား ။ သူတို့နှစ်ဦးစလုံး လှည့်စားခံလိုက်ရတဲ့အတွက်ကြောင့် နှစ်ဦးစလုံးသည် ရုံးခန်းထဲမှာ ခေါင်းချင်းဆိုင် ဆွေးနွေးခဲ့ရ ၊ ‌စာရွက်စာတမ်းတွေ စစ်ဆေးပြီး ရုံးတော်ကို တင်ပြရနဲ့ အတော်လေးလည်း အလုပ်ရှုပ်ခဲ့ရသည် ။ အရင်က မျက်နှာချင်းတောင် သိပ်မဆိုင်ကြတဲ့ နိုင်ငံရေးသမားတစ်ဖြစ်လဲ စီးပွားရေးရှင်နှစ်ဦးက ယခုမှ တစ်ပူးပူးတစ်တွဲတွဲ ဖြစ်နေသည်မို့ အကြောင်းမသိသူများက အံ့ဩမဆုံးဖြစ်နေကြသည် ။

စီရင်ချက်ချပြီးသည့်နောက်မှာလည်း မျိုးရိုးမြင့်အသိုင်းအဝိုင်းနှစ်ခုလုံး အငြိမ်မနေရဘဲ အဖိုးတန်သားရတနာလေးတို့ရဲ့ ထိမ်းမြားပွဲကို စီစဉ်နေကြသည် ။ ကင်မ်လူကြီးမင်းက သိပ်သဘောမတူချင်သည့်တိုင် လက်ခံပေးခဲ့ပါ၏ ။ ဂျွန်သခင်ကြီးကတော့ မေးစရာပင် အစကတည်းက အလိုတူအလိုပါ ဖြစ်ခဲ့တဲ့အပြင် သားဖြစ်သူကို မြှောက်ပေးခဲ့တဲ့အထဲ သူလည်းပါခဲ့သည်မဟုတ်လား ။

မျိုးရိုးမြင့်အသိုင်းအဝိုင်းဆိုသည့်အတိုင်း ဆွေမျိုးမိတ်သဟာတွေဟာ သူ့ထက်ငါမလျော့အောင် ကြင်စဦးမောင်နှံအပေါ် ထောက်ပံ့ပေးကြသည် ။

အပြိုင်အဆိုင်မို့ နှစ်ဖက်ဆွေမျိုးတွေ ထိပ်တိုက်တွေ့မိလျှင် အုတ်အုတ်ကြွပ်ကြွပ် ညံသွားတတ်စမြဲ ။

ယခုလည်း  မင်္ဂလာခန်းမကို မြောက်ပိုင်းမှာလုပ်မဲ့သူနဲ့ တောင်ပိုင်းမှာမှ လုပ်ချင်တဲ့သူနဲ့ ပြိုင်ဆိုင်လျက်ရှိကြသည် ။

“‌ငါပြောနေတယ်လေ တောင်ပိုင်းမှာလုပ်မယ်လို့! တောင်ပိုင်းကဘယ်နေရာကြည့်ကြည့်  church ကျောင်းဆိုလည်း ခမ်းခမ်းနားနားရှိနေတာ ”

“ ဘာလို့ church ကျောင်းမှာလုပ်ရမှာလဲ ငါတို့ကလေးက ဘာသာမဲ့ဆိုတာမသိဘူးလား”

You've reached the end of published parts.

⏰ Last updated: Jan 25 ⏰

Add this story to your Library to get notified about new parts!

We Ain't ROMEO and JULIET Where stories live. Discover now