Unicode
မနက်ကတည်းက အိမ်ထဲတွင် ဟိုသွားလိုက် သည်သွားလိုက်ဖြင့် အလုပ်ရှုပ်နေသော သူအား ရှောင်ကျန့် က ပြူးပြူးလေးလိုက်ကြည့်နေလေသည်။
"ငါအပြင်သွားမလို့ လိုက်ချင်လား"
"အင်း လိုက်မယ်"
ရိပေါ် လည်း စာအုပ်ကလေးကိုကောက်ယူကာ သူ့အိတ်ထဲထည့်လိုက်ပြီး
"ငါ့နားမှာပဲနေ"
"အွန်း"
.
.
ရိပေါ် တို့ အမှုကိစ္စဆွေးနွေးနေတုန်း ရှောင်ကျန့် ခမျာတော့ အနားတွင်ရှိသမျှ ပစ္စည်းတို့ကို ပတ်ကြည့်မွှေနောက်ကာ စပ်စုနေလေသည်။တော်တော်ကြာတဲ့ထိ ထိုအဖွဲ့ ဆွေးနွေးခြင်းမပြီးသေး။"ဒါနဲ့ ခင်ဗျားတို့စကားဝိုင်းကဘယ်တော့ပြီးမှာလဲ ဒီမှာပျင်းနေပြီ"
အသံလာရာဘက်ကို ရိပေါ် ခေတ္တမျှ စွေကြည့်လိုက်လေသည်။ရှောင်ကျန့်က ကြိမ်ဒန်းထိုင်ခုံပေါ်ထိုင်နေကာ ပြတင်းပေါက်ကိုငေးကြည့်နေသည့်ပုံမှာ သူအတော်ပင်ပျင်းနေကြောင်း သက်သေပင်။
"ဒါဆို ဆက်စုံစမ်းကြတာပေါ့ ဟုတ်ပြီလား"
ထိုသည်နှင့် စကားစဖြတ်ကာ ထရပ်လိုက်တော့ သဘောပေါက်ကျတဲ့သူတို့က
"အရေးကြီးကိစ္စရှိလို့လား ဝမ်"
"ဟုတ်ကဲ့ဗျ လုပ်စရာလေးရှိလို့ပါ"
"အင်း ဟုတ်ပါပြီ အဲ့တာဆိုလဲ နောက်နေ့ကျမှပေါ့"
"ဒါဖြင့် ကျွန်တော်ပြန်လိုက်ပါအုံးမယ် အရာရှိမေ...ချန်ရုံ ငါပြန်ပြီ"
"အေး...ဒါဆို ငါပါပြန်တော့မယ်"
သူတို့လည်း မေလီက အိမ်ပေါက်ဝထိလိုက်ပို့ကာ သူတို့ကိုနှုတ်ဆက်သည်။သူတို့လည်း မေလီကို ပြန်နှုတ်ဆက်ကာ အသီးသီးပြန်ကြလေတော့သည်။
"ဒါနဲ့ အပြင်သွားမလား"
"ခင်ဗျားအားလို့လား"
"အားပါတယ် ဘယ်သွားချင်လဲ"
"ညစျေးသွားချင်တယ်...."
ရိပေါ်က ရယ်ကာ
"ညစျေးက ည6နာရီလောက်မှဖွင့်မှာ ခုမှမနက်ခင်းကြီးရှိသေးတာကို"
YOU ARE READING
[The End]
FanfictionMain title-ပုံပြင်လေး၏အဆုံးသတ် ပုံပြင်လေးကဘယ်လိုအဆုံးသတ်သွားမလဲ...? Unicode+Zawgyi