01
ထယ်ဆန်း ပြုတင်းတံခါးကို ခပ်မြန်မြန်ပဲ ဆွဲချလိုက်ရတာမို့ သံဗန်းရဲ့ ခြစ်သံတွေက တဂျောင်ဂျာင် မြည်နေတယ်။လမ်းတစ်ဖက်ဆီက မီးရောင်ဝါဝါလေးက ပြုတင်းတံခါးရဲ့ ပိတ်ပင်တားဆီးခြင်းကို ခံလိုက်ရတာနှင့် အမျှ တဖြည်းဖြည်းချင်းဆီ ပျောက်ကွယ်သွားတော့၏။
ထယ်ဆန်းအတွက် ဒီပြုတင်းတံခါး ပိတ်ရတဲ့အလုပ်က အထူးအဆန်းတော့မဟုတ်။ဓာတ်ပြားဆိုင်ထဲက ဓာတ်ပြားတွေက သူတို့ရဲ့ ကိုယ်ပိုင်အကန့်တွေထဲမှာ နေရာတကျယူထားပြီး မီးအလင်းရောင်ရဲ့ ထောက်ပံ့မှုကို မရတော့တာမို့ အခန်းက အထီးကျန်တယ်လို့ ခံစားရလောက်တဲ့အထိကို အမှောင်အတိဖုံးပြီး တိတ်ဆိတ်နေတယ်။
ထယ်ဆန်း ဆိုင်ထောင့်က လှေကားငယ်လေးကိုသုံးပြီ ထပ်ခိုးအထပ်လေးဆီကို တက်လိုက်တယ်။ထယ်ဆန်းက ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်ကိုလုပ်နေရပေမယ့်လည်း သူတို့ဆိုင်သူဌေးက တကယ်သဘောကောင်းတဲ့လူတစ်ယောက်ဖြစ်တာမို့တော်သေးတယ်ဆိုရမယ်။ကျောင်းသားတစ်ယောက်ရဲ့ အတန်းချိန်နဲ့ အလုပ်ချိန်ညှိုနှိုင်းမှုတွေကိုလည်း နားလည်ပေးတဲ့အပြင် ဒီလို ဆိုင်ရဲ့ ထပ်ခိုးအထပ်လေးကိုပါ ထယ်ဆန်းကို ငှားပေးထားသေးတယ်။သူဌေးပေးတဲ့လစာက တစ်ဝက်ကို ထပ်ခိုးထပ်လေးငှားပြီး ကျန်တဲ့ပိုက်ဆံက သူ့နေ့စဥ်ဘဝနေထိုင်မှုအတွက် သုံးရင်တောင်လုံလောက်နေသေးတယ်။ဒါကြောင့်မို့ သူဌေးကတမင်သက်သက် အလှူ လုပ်နေတာလားလို့တောင် ထယ်ဆန်းမှတ်ချက်ပေးမိသေးတယ်။
ထယ်ဆန်း အတွက်က ဒီလောက်နဲ့တင် ကံကောင်းတယ်လို့ ဆိုလို့ရနေပါပြီ။
• 𝙼𝚘𝚘𝚗 •
ထယ်ဆန်း ကိုးပေပတ်လည်အခန်းလေးထဲမှာချထားတဲ့ စားပွဲလေးပေါ်က မီးအိမ်လေးကို ဖွင့်ရင်း ရှေ့က ပြုတင်းပေါက်ကြီးဆီကို မျှော်ကြည့်မိတယ်။ဒီနေ့က တိမ်ကင်းစင်တဲ့နေ့လေးတနေ့သာဖြစ်တယ်။ညကောင်ကင်းယံကြီးက စိန်လိုတဖြတ်ဖြတ်လတ်နေတဲ့ ကြယ်ပင်လယ်ကြီးနဲ့ ပြည့်နှက်လို့ပေါ့။မပြည့်သေးတဲ့လကို မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေရဲ့ အလယ်မှာ ထယ်ဆန်း မြင်ရတယ်။လရောင်က ပြုတင်းပေါက်ကနေ ဖြာဆင်းပြီး ထယ်ဆန်းရဲ့ လက်တွေပေါ်ကို နူးနူးညံ့ညံ့ သက်ဆင်းတယ်။
YOU ARE READING
𝙼𝙾𝙾𝙽 || 月亮 ✓
Fanfiction■ TaeSan×LeeHan • Gongfourz ■ written in Burmese ■Short Story ကမ္ဘာကြီးပေါ်မှာ နူးညံ့နွေးထွေးမှုအနည်းငယ်တော့ကျန်ရှိနေပါသေးတယ်။ ထိုနူးညံ့နွေးထွေးမှုက ကမ္ဘာရဲ့ အမြင့်ဆုံးတစ်နေရာဖြစ်တဲ့ လကမ္ဘာယံပေါ်မှာ ချိတ်ဆွဲထားလေရဲ့။ 𝙻𝚎𝚝 𝚠𝚎 𝚕𝚘𝚘𝚔 𝚞𝚙...