04 [ Epilogue ]
"ထယ်ဆန်းနား Manito/마니또 ဂိမ်းကို သိတယ်မလား။တစ်စုံတစ်ယောက်က မင်းရဲ့ Manito ဖြစ်သွားရင် သူက မင်းရဲ့တောင်းဆု ဆန္ဒတွေကို တိတ်တိတ်ကလေး လိုက်ဖြည့်စည်းပေးရမှာမျိုးလေ သိတယ်မလား?။"
"ဘာလို့ ငါလဲ?။"
• 𝙼𝚘𝚘𝚗 •
"အဲ့နေ့တုန်းက မင်းအရမ်းဝမ်းနည်းနေတဲ့ပုံ ပေါ်နေခဲ့တာလေ "
ကင်မ်အီဟန်ရဲ့ အသံက နူးနူးညံ့ညံ့ ငြင်ငြင်သာသာလေးရယ်။
"ဒီဓာတ်ပြားဆိုင်ထဲကို မင်း ပထမဆုံးလာဖူးတဲ့အချိန်.....အဲ့အချိန်တုန်းကလေ မင်းပုံစံက အရမ်းဝမ်းနည်းနေတဲ့ပုံပေါ်နေခဲ့တာ။တကယ့်ကို ငါးပိစိလေးက သူ့အိမ်ကိုရှာမတွေ့လို့ ဝမ်းနည်းနေတဲ့ပုံစံမျိုး။"
"အာ....ကျိန်းသေပေါက် မင်းကတော့ ငါဆိုင်ထဲမှာရှိနေတာကို သတိထားမိမှာ မဟုတ်ဘူးပေါ့။"
"အဲ့နောက်မှာ ငါနဲ့မင်း ခေါင်းမိုးထပ်မှာ ထပ်ဆုံကြတယ်လေ။ကျိန်းသေပေါက် အဲ့တာက တိုက်ဆိုင်မှူနော် ။ငါမင်းကို တွေ့ချင်လို့ တမင် ဂွင်ဆင်ခဲ့တာမဟုတ်ဘူး။ ပြီးရင် မင်းက ငါထင်ထားတာထက်ကို ပိုသန်မာတဲ့ပုံပေါ်ပါတယ် ဒီတိုင်းငါက နည်းနည်းလေး အကူအညီပေးချင်ခဲ့ရုံလေး။"
"အဲ့နေ့တုန်းက ငါမင်းရဲ့ ဆုတောင်းစာတိုလေးကို တွေ့တာနဲ့ မင်းရဲ့ Manito/마니또 ဖြစ်ဖို့ ဆုံးဖြတ်လိုက်မိတာလေ။"
ထယ်ဆန်း အဲ့နေ့က ဆုတောင်းစာတိုလေး ရေးမိခဲ့သေးတာလား?။ထယ်ဆန်း အဲ့နေ့က အကြောင်းအရာတွေကို ဖြည်းဖြည်းချင်း ပြန်ပုံဖော်ကြည့်ရတယ်။ထယ်ဆန်းမှာ အဲ့နေ့က စိတ်ထိခိုက်စရာတွေ များလွန်းလို့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာအများကြီးကိုတောင် မမှတ်မိတော့တဲ့အထိပဲ။ကြည့်ရတာ ထယ်ဆန်း အီဟန်ပြောသလိုပဲ ဆုတောင်းစာလေးတစ်စောင်ကို တကယ်ရေးခဲ့မိတယ်နဲ့တူတယ်။
အဲ့နေ့က ဓာတ်ပြားဆိုင်ကနေ ပြန်ဖို့လုပ်တော့ တံခါးရဲ့ ဘေးက နံရံမှာ ဆုတောင်းစာတိုလေးတွေ ရေးခဲ့လို့ရတာကို သတိထားမိခဲ့တာ။
ထယ်ဆန်း ဆုတောင်းခဲ့တဲ့အရာက ရိုးရိုးရှင်းရှင်းလေးပါပဲ။
YOU ARE READING
𝙼𝙾𝙾𝙽 || 月亮 ✓
Fanfic■ TaeSan×LeeHan • Gongfourz ■ written in Burmese ■Short Story ကမ္ဘာကြီးပေါ်မှာ နူးညံ့နွေးထွေးမှုအနည်းငယ်တော့ကျန်ရှိနေပါသေးတယ်။ ထိုနူးညံ့နွေးထွေးမှုက ကမ္ဘာရဲ့ အမြင့်ဆုံးတစ်နေရာဖြစ်တဲ့ လကမ္ဘာယံပေါ်မှာ ချိတ်ဆွဲထားလေရဲ့။ 𝙻𝚎𝚝 𝚠𝚎 𝚕𝚘𝚘𝚔 𝚞𝚙...