ဂယူဗင်းရဲ့ဘဝက နေ့တိုင်းပေါ့ပေါ့ပါးပါးပါပဲ
တက္ကသိုလ်ကိုသွားမယ်
အတန်းတက်မယ်
ကျောင်းactivityတွေမှာပါမယ်
ပြီးရင်..ဟိုဘက်အတန်းက Alphaကောင် Rickyနဲ့ ရန်ဖြစ်မယ်
ထိုကဲ့သို့ သာမန်အတိုင်း လည်ပတ်နေခဲ့တဲ့ ဂယူဗင်းရဲ့ တက္ကသိုလ်ကျောင်းသားဘဝက တစ်ခုသော မနက်ခင်းမှာတော့ ဗြောင်းဆန်ကုန်တော့တာပဲ
ငါလခွမ်း!ဟိုဘက်အတန်းက Alphaကောင် ရှန်ချွမ်ရွေ့က ဘယ့်နှယ့်ကြောင့် ငါ့လက်မောင်းပေါ်မှာ အေးအေးချမ်းချမ်းကြီးအိပ်နေရတာတုန်းဟ!
ငါလခွမ်း!ဘာလို့နေရောင်ကကော ဒီကောင့်ကို လှလှလေးဖြစ်အောင် ထိုးနေရတာတုန်းဟ!
ထိုစဥ် တဖြည်းဖြည်းနဲ့ ပွင့်လာခဲ့တဲ့ မက်မွန်စေ့သဏ္ဠာန် မျက်ဝန်းများ
အစပိုင်းတော့ သူလည်း အခြေအနေကို လိုက်မမှီသေးဟန်ပါပဲ
စက္ကန့်ပိုင်းနေတော့ နားလည်သွားဟန်နဲ့ မက်မွန်စေ့သဏ္ဠာန်မျက်ဝန်းတွေက ပြူးကျယ်လာပြီး ဂယူဗင်းကို ခေါင်းအုံးနဲ့ ပစ်ပေါက် မျက်နှာတွေကို ကုတ်ခြစ်ကာ လက်လှမ်းမှီသလို လှမ်းဆော်ပါတော့တယ်
ဒါမှတကယ် ငါလခွမ်းကြီးဟ!သူလုပ်သမျှကို ဂယူဗင်းက ဘယ့်နှယ့်ကြောင့် ပန်းနဲ့ပေါက်နေသလို ခံစားနေရတာတုန်း!!!
ဂယူဗင်းဘဝတော့ Alphaတစ်ကောင်နဲ့ တစ်ညတာမှားပြီးတော့ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါပြီ!
~
လွန်ခဲ့တဲ့လပိုင်းကအထိတော့ ဟိုဘက်အတန်းက ရှန်ချွမ်ရွေ့ (ခေါ်) Rickyဆိုတဲ့ Alphaကောင်နဲ့ ဂယူဗင်းက အတော်လေးကိုမှ မတည့်တဲ့ ဆက်ဆံရေး တစ်ခုပါပဲ
လူမှန်းစသိလို့ ကျောင်းစတက်ပါပြီဆိုတည်းကနေ တောက်လျှောက် ကျောင်းတူလာတဲ့ ထိုရှန်ချွမ်ရွေ့ဆိုသူနဲ့က အမြဲတမ်းအပြိုင်အဆိုင်ဖြစ်ခဲ့ကြတဲ့ ဆက်ဆံရေးမျိုး
မိဘချင်းက ခင်မင်ရင်းနှီးကြပေမယ့် ဂယူဗင်းအဆူခံရတိုင်း "ချွမ်ရွေ့သာဆိုရင်"ဆိုပြီး နာမည်ပါထည့်ဆူလေ့ရှိတာမို့ ဂယူဗင်းဘက်က ရှန်ချွမ်ရွေ့အား နည်းနည်းလေးမှ ကြည့်မရ
YOU ARE READING
ငါ့ပြိုင်ဖက်က ငါနိုးလာတော့ ငါ့ယောကျ်ားဖြစ်နေပြီ!!!(ɢʏᴜʀɪᴄᴋʏ)
Fanfictionɢʏᴜʀɪᴄᴋʏ ɢʏᴜᴠɪɴ x ʀɪᴄᴋʏ ᴍᴇᴅɪᴀ_ᴄʀᴅ 11日10月 2023