ငါ့ပြိုင်ဖက်က ငါနိုးလာ​​တော့ ငါ့​ယောကျ်ားဖြစ်​နေပြီ!!!

2.5K 266 84
                                    

ဂယူဗင်းရဲ့ဘဝက ​နေ့တိုင်း​​ပေါ့​ပေါ့ပါးပါးပါပဲ

တက္ကသိုလ်ကို​သွားမယ်

အတန်းတက်မယ်

​ကျောင်းactivity​တွေမှာပါမယ်

ပြီးရင်..ဟိုဘက်အတန်းက Alpha​ကောင် Rickyနဲ့ ရန်ဖြစ်မယ်

ထိုကဲ့သို့ သာမန်အတိုင်း လည်ပတ်​နေခဲ့တဲ့ ဂယူဗင်းရဲ့ တက္ကသိုလ်​ကျောင်းသားဘဝက တစ်ခု​သော မနက်ခင်းမှာ​တော့ ​​ဗြောင်းဆန်ကုန်​​တော့တာပဲ

ငါလခွမ်း!ဟိုဘက်အတန်းက Alpha​ကောင် ရှန်ချွမ်​ရွေ့က ဘယ့်နှယ့်​ကြောင့် ငါ့လက်​မောင်း​ပေါ်မှာ ​အေး​အေးချမ်းချမ်းကြီးအိပ်​နေရတာတုန်းဟ!

ငါလခွမ်း!ဘာလို့​နေ​ရောင်က​ကော ဒီ​ကောင့်ကို လှလှ​လေးဖြစ်​အောင် ထိုး​နေရတာတုန်းဟ!

ထိုစဥ် တဖြည်းဖြည်းနဲ့ ပွင့်လာခဲ့တဲ့ မက်မွန်​စေ့သဏ္ဠာန် မျက်ဝန်းများ

အစပိုင်း​တော့ သူလည်း အ​ခြေအ​နေကို ​လိုက်မမှီ​သေးဟန်ပါပဲ

စက္ကန့်ပိုင်း​နေ​တော့ နားလည်သွားဟန်နဲ့ မက်မွန်​​စေ့သဏ္ဠာန်မျက်ဝန်း​တွေက ပြူးကျယ်လာပြီး ဂယူဗင်းကို ​ခေါင်းအုံးနဲ့ ပစ်​ပေါက် မျက်နှာ​တွေကို ကုတ်ခြစ်ကာ လက်လှမ်းမှီသလို လှမ်း​ဆော်ပါ​တော့တယ်

ဒါမှတကယ် ငါလခွမ်းကြီးဟ!သူလုပ်သမျှကို ဂယူဗင်းက ဘယ့်နှယ့်​ကြောင့် ပန်းနဲ့​ပေါက်​နေသလို ခံစား​နေရတာတုန်း!!!

ဂယူဗင်းဘဝ​တော့ Alphaတစ်​ကောင်နဲ့ တစ်ညတာမှားပြီး​တော့ ​​ဇောက်ထိုးမိုး​မျှော်​တွေဖြစ်ကုန်ပါပြီ!

~

လွန်ခဲ့တဲ့လပိုင်းကအထိ​တော့ ဟိုဘက်အတန်းက ရှန်ချွမ်​ရွေ့ ​(​ခေါ်) Rickyဆိုတဲ့ Alpha​ကောင်နဲ့ ဂယူဗင်းက အ​တော်​လေးကိုမှ မတည့်တဲ့ ဆက်ဆံ​ရေး တစ်ခုပါပဲ

လူမှန်းစသိလို့ ​ကျောင်းစတက်ပါပြီဆိုတည်းက​နေ ​​တောက်​လျှောက် ​ကျောင်းတူလာတဲ့ ထိုရှန်ချွမ်​ရွေ့ဆိုသူနဲ့က အမြဲတမ်းအပြိုင်အဆိုင်ဖြစ်ခဲ့ကြတဲ့ ဆက်ဆံ​ရေးမျိုး

မိဘချင်းက ခင်မင်ရင်းနှီးကြ​ပေမယ့် ဂယူဗင်းအဆူခံရတိုင်း "ချွမ်​ရွေ့သာဆိုရင်"ဆိုပြီး နာမည်ပါထည့်ဆူ​လေ့ရှိတာမို့ ဂယူဗင်းဘက်က ရှန်ချွမ်​ရွေ့အား နည်းနည်း​လေးမှ ကြည့်မရ

ငါ့ပြိုင်ဖက်က ငါနိုးလာ​တော့ ငါ့​ယောကျ်ားဖြစ်​နေပြီ!!!(ɢʏᴜʀɪᴄᴋʏ)  Where stories live. Discover now