My Angry Uncle(Zaw)

518 14 2
                                    

.
Title - My Angry Uncle...

Author - MayYuWang...

Tags - ZSWW, Zhanyi, Happy Ending, OS, NSFW.

Genre - Fanfiction.

.......................................................................

"Hey broရောက်တာကြာပြီလား..."

ကန်တင်းမှာတစ်ယောက်ထဲထိုင်နေတဲ့ ကျန်းချန်ကိုရှောင်ကျန့်မေးလိုက်သည်။
သူကစော်တစ်ပွေကိုလိုက်နေတာကြောင့် နောက်ကျသွားတာဖြစ်ပြီး ဒါကိုဒေါသကြီးတတ်တဲ့ကျန်းချန်ကတော့ ဒေါပွမှာသေချာ၏။

"ရှောင်ကျန့် မင်းရောက်လာတာနဲ့အတော်ပဲ လာ လာ ထိုင်..."

ဒေါသတကြီးအော်မယ်လို့တွေးထားပေမယ့် ဝမ်းပမ်းတသာသူ့နာမည်ကိုခေါ်လာတဲ့ ကျန်းချန်ကြောင့် ရှောင်ကျန့်ကြောင်သွားမိတာတော့အမှန်။

ဒီကောင်ဆေးမှားသောက်ထားတာများလား။

"မင်းကြည့် ငါတို့ဝိုင်းရဲ့တစ်ဝိုင်းကျော်မှာတစ်ယောက်ထဲထိုင်နေတဲ့ကောင်မလေး..."

ကြောင်အနေတဲ့သူ့ကို ဆက်ပြောလာတဲ့ကျန်းချန်ကြောင့် ဒီကောင်ဘာမွန်နေလဲဆိုတာကို ရှောင်ကျန့်သဘောပေါက်သွား၏။

"ခွေးကောင် တစ်ယောက်ထဲထိုင်နေတာမဟုတ်ဘူးဟ ဘေးမှာကိုယ်ရံတော်လိုလိုဘာလိုလိုနဲ့က သုံးယောက်မတ်တပ်ရပ်နေတာ မတွေ့ဘူးလား..."

"မသိဘူးကွာ ငါ့မျက်စိထဲမှာအဲ့ကောင်မလေးပဲမြင်နေတာကွ... ဟားး ငါချစ်မိသွားပြီထင်တယ်..."

မွန်ထူနေတဲ့ကျန်းချန်စကားကြောင့် ရှောင်ကျန့်မျက်ဖြူသာလှန်ချလိုက်တော့သည်။

ဒီကောင်ချစ်မိသွားတာဟာ ယခုကောင်မလေးကပထမဆုံးမဟုတ်တာတော့ သေချာသည်။

"ကူညီပါအုံးရှောင်ကျန့်ရာ ငါတော်တော်ဖြစ်နေပြီ..."

"ဟ နေပါအုန်း သူ့ဘေးကကောင်တွေကိုကြည့် ဂိုဏ်းစတားလိုလိုဘာလိုလိုနဲ့..."

"ကူညီပါကွာနော် မင်းကဒီလိုနေရာမှာဆိုငါ့ထက်ပိုတော်တာပဲ ဒီလိုလုပ် မင်းလိုချင်နေတဲ့ Gucci brandဖိနပ်ကို ငါဝယ်ပေးမယ်ကွာနော်..."

သူကမကူညီဘူးလို့လည်းမပြောပါပဲ အတင်းတွေစေတနာကောင်းနေတဲ့ကျန်းချန်ကြောင့် ရှောင်ကျန့်မေးကိုလက်နဲ့ပွတ်ကာစဉ်းစားရပြန်သည်။

My Angry Uncle Where stories live. Discover now