Part 1

1.6K 30 6
                                    

[Unicode]

"ကိုယ်လည်းလေလောကီသားပေမို့ ချစ်သဲငယ်ကြင်ပါလှည့်ကွယ်"
[ Part - 1 ]

မေလပေမယ့် မိုးစောစောရွာတဲ့နှစ်မို့လို့အိမ်ရှေ့က ပိတောက်ပင်မှာရွက်နုတို့ထွက်ရုံမက ပိတောက်ပွင့်တွေလှိုင်လှိုင်ဝေနေလေရဲ့။ ဒီနေ့လည်းချစ်ရတဲ့ဇနီးကိုယ်ဝန်သည်မလေးက ခံတက်ချဉ်ကိုချဉ်ချင်းတက်လို့ကိုမြတ်မိုးခမျာ ခံတက်ပင်ရှိတဲ့ဘယ်အိမ်ကများအညွန့်အဖူးလေးရလိုရငြား ရွာရိုးကိုးပေါက်လျှောက်ရပြန်ပြီ။

"ဟေးကောင်ကြီး ဘယ်အိမ်လျှောက်မလို့တုန်း"

"တောင်ပိုင်းခဏဘကြီးရေ အရီးကျော့တို့အိမ်မှာခံတက်ဖူးလေးများရမလားလို့"

"ဟေ..မနေ့ကတင်စောင်းလျားသီးရှာပုံတော်ထွက်သေးတယ်မဟုတ်လား"

ကိုရင်တောင်လုံးဖခင်ကြီးဘကြီးသောင်းတောင် သတိထားမိနေပြီ။ တနေ့တမျိုးချဉ်ချင်းတက်နေတဲ့ကိုယ့်ဇနီးသည်အကြောင်းကတော့ ခြေတိုအောင်ရွာထဲရှာပုံတော်ထွက်ရတဲ့သူအသိဆုံး။

"အိမ်ကပန်းဝါကစားချင်တယ်ပြောလို့ဘကြီးရဲ့ ခုချိန်ကကလေးလွယ်ထားရတာဆိုတော့ အစားပျက်အအိပ်ပျက်လေ ကိုးလထဲရောက်နေတဲ့ခမျာကိုသူခံတွင်းလိုက်တာလေးရှာကြံကျွေးနေရတာ"

ပန်းဝါကမွေးခါနီးဖွားခါနီးအထိစားချင်တာရှိလျင်စားရမှကျေနပ်သည်။ သူများကိုယ်ဝန်ဆောင်တွေလို တစ်လနှစ်လတည်းချဉ်ချင်းတက်တာမဟုတ်သော်ငြား မြတ်မိုးသည်မငြူစူရက်ပါပေ။

"အေးပါကွာ ငါ့တူတို့သားဦးလေးချောချောမွေ့မွေ့မွေးပါစေ"

"ပေးနဲ့ဆုနဲ့ပြည့်ပါစေဘကြီး..ဒါနဲ့ ခံတက်ရွက်ရှာပုံတော်ဆက်လိုက်ဦးမယ်"

"အေးကွယ်"

အရီးကျော့တို့အိမ်တောင်မရောက်လိုက် လမ်းမှာတင်လှည့်ပြန်ခဲ့ရတာက သူယောက်ဖညိုချောရဲ့အမောတကော‌စကားကြောင့်...

"မကြီးဗိုက်နာလို့တဲ့ယောက်ဖကြီး"

သူလည်းအိမ်ကိုအပြေးတပိုင်းနှင်ရတော့၏။
သူအိမ်ပြန်ရောက်တော့ ယောက္ခမဖြစ်သူကသူ့ဇနီးမွေးတော့မယ့်အကြောင်း မီးဝင်ဖို့ပြင်ဆင်နေတာဖြစ်ကြောင်း ကျေးလက်ဆေးပေးခန်းကသားဖွားဆရာမသွားခေါ်ပေးဖို့ခိုင်းပြန်၏။

ကိုယ်လည်းလေလောကီသားပေမို့ ချစ်သဲငယ်ကြင်ပါလှည့်ကွယ် (Completed) Where stories live. Discover now