Cut 1

1K 20 0
                                        

"ကိုယ်လည်းလေလောကီသားပေမို့ ချစ်သဲငယ်ကြင်ပါလှည့်ကွယ်" (paid gp)

"လေးလေးရေ"

"ဘွားဘွားကြီးရေ"

အသံတစာစာနှင့်အိမ်ပေါ်ဝုန်းဒိုင်းတက်လာတာ ဆယ့်ခြောက်နှစ်အရွယ်မိန်းကလေးငယ်လေးတစ်ယောက်ဖြစ်၏။

သူမကိုယ်မှာ သရီးကွားတားရှော့ပင်နှင့် လည်ဝိုင်းတီရှပ်ကြီးကရုပ်ကလေးနှင့်မလိုက်ကျားကျားယားယားနေရာယူထားသည်။ သို့သော် တင်ပါးလောက်ထိနွဲ့ပျောင်းစွာရှည်လျက်ရှိကြသော ပိတုန်းနက်ရောင်ကျော့ဆံနွယ်တို့ကိုတော့နှစ်ဖက်ခွဲကာမြောက်မြောက်ကလေးစည်းထား၏။ ကလေးလည်းမက လူကြီးလည်းမကျသေးသည့် အနှီမိန်းကလေးငယ်သည်။

"ဟဲ့ဟဲ့ ဖြေးဖြေးသက်သာလုပ်ပါမိငယ်ရယ်"

ဦးညိုချောတစ်ယောက် ရွှေကိုင်းမျက်မှန်ကြီးနှင့်အတိုးနှုန်းအကျအနထိုင်တွက်နေရင်း မျောက်လောင်းလေးကိုလှမ်းဟန့်ရ၏။

"ဘွားဘွားကြီးရော လေးညို"

"ညည်းဘွားအေ မှေးနေမှာပေါ့..တိုးတိုးသက်သာပြော"

"ငယ်ငယ် ဘကြီးသာအောင်တို့အိမ်ဆောက်တဲ့ဆီကပြန်လာတာ"

"အဲ့ဒိတော့..."

"သူတို့အိမ်ကြီးကမိုက်ပါဘူး"

ပြောရင်းလက်ထဲပါလာသည့် မာလကာသီးကိုအားရပါးရကိုက်ချပစ်သည်။ ဘယ်အိမ်ကကျော်လာသည့် မာလကာသီးလည်းမသိ။ ညိုချောတို့တော့ ပေါက်ကျော်မကြောင့်မျက်ခုံးခပ်လှုပ်လှုပ်ရယ်။

"သူများအိမ်ကိုသွားကြည့်ပြီး မကောင်းပြောနေတယ်ဟုတ်လားမိငယ်"

"ငယ်ငယ်ကမော်လမြိုင်ခေါင်လေးဆောက်လို့ ဒါမှထပ်ခိုးလေးတစ်ထပ်ခံပြီးအပူသက်သာမှာပြောတာ လက်သမားခေါင်းကလက်မခံဘူးလေ..ခုကြည့် ဘုန်းကြီးကျောင်းကြီးလိုပဲ"

"ဒီကောင်မလေးတော့..."

"လေးညိုပဲစဉ်းစားကြည့်"

"အင်း"

သူမပြောလာတာကိုလက်ခံဖို့အရင်ဆုံးစကားပလ္လင်ခံတာ မိငယ်တို့ထုံးစံ။

ကိုယ်လည်းလေလောကီသားပေမို့ ချစ်သဲငယ်ကြင်ပါလှည့်ကွယ် (Completed) Donde viven las historias. Descúbrelo ahora