Jeonjungkook အသက် 28 အယ်ဖာ

ParkJimin အသက် 20 အီုမီဂါ
"ဝိုး အိမ်ကကြီးလိုက်တာ"
"အစောကြီးရောက်လာတာပဲ
အထဲကိုဝင်ခဲ့ပါ""ဟုတ်ကဲ့"
ခြံထဲဝင်လိုက်တာနဲ့ လူမိုက်အုပ်စုတစ်စုကိုတွေ့လိုက်ရသည်
..ပတ်ဂျီမင်းဆိုတဲ့ငါ့ဘဝမှာရုန်းကန်ရတာများလို့အခုဒီလူဆိုဂိုဏ်းတွေကိုမြင်ရင်တောင်လန့်လဲမလန့်တော့သလို
ကြောက်လဲ မကြောက်တော့ဘူး.."တစ်ခုခုလိုအပ်တာရှိရင်ချက်ချင်းပြောလို့ရပါတယ်"
"အာ..ဟုတ်ကဲ့ပါ"
အိမ်ဖော် အဒေါ်ကြီးအပြောကြောင့်သတိပြန်ဝင်လာရသည်
"ဟင် "
ဧည့်ခန်းထဲ အကြည့်ရောက်သွားတော့
တစ်ဖက်ကို မိန်းမတစ်ယောက် ယောက်ကျားတစ်ယောက်နဲ့ pheromone အနံတွေထုပ်ကာ ဇိမ်ကျနေတဲ့ အိမ်ရှင်...အော့.... အော....
ဆိုးရွားလိုက်တာဒါက ကလေးလေးရဲ့အဖေနဲ့ ပထမဆုံးတွေ့တဲ့အချိန်မှာမြင်ရတဲ့ ငါ့ရဲ့ ခံစားချက်ပဲ
အကုန်လုံးကိုကျောခိုင်းကာ အိမ်ဖော် ဒေါ်ကြီးနောက်လိုက်ခဲ့ပြီး ကျွန်တော်အတွက်ပြင်ပေးထားတဲ့ အခန်းငယ်လေးဆီ လိုက်လာလိုက်သည်
ဒီအိမ်ကြိးမှာ နေရမဲ့ ဘဝတော့စပြီအခန်းနေရာချ ရေမိုးချိုးသန့်စင်ပြီး
ဘိုက်ဆာလာလို့ အောက်ထပ်သို့ဆင်းလာလိုက်သည်"မဂ်လာပါ "
ကျွန်တော်မင်္ဂလာပါလုပ်တာတောင်
လှည့်မကြည့် စကားပြန်မပြောတဲ့ အဒေါ်ကြီးကို ကြောင်ကြည့်နေမိသည်ဒါပေမဲ့ သားပွဲပေါ်မှာတော့ စားစရာ အနည်းအကျင်းစီစဥ်ထားပေးတာတွေ့တော့ ဝင်ထိုင်စားလိုက်သည်
မနေ့ကထမင်းစားတာ နည်းခဲ့တော့ဒီနေ့မနက် အစောကြီးကဘိုက်ဆာနေတာ
ဒီနေ့နဲနဲလောက် ပိုစားလိုက်ရမလား" စားပြီးသွားပြီလား ထားခဲ့ပါ ကျွန်မသိမ်းလိုက်ပါမယ်"
" အာ ..အဲ့လိုမဟုတ်ပါဘူး ထမင်းနဲနဲ ထပ်လိုချင်လို့ပါ"