ကို့ရဲ့သဲငယ်Ep(4)
"ဒီနေ့အတွက်ဘာစားချင်လဲ"
" တော့ပိုကီစားချင်တယ်"
" အဲဒါကသေရစာမလား "
အခုသူပြောနေတဲ့အသံက အဘွားပြောနေကျလေသံအတိုင်းပဲ
"Hay..မင်းအခုရယ်နေတာလေးခဏလောက်ရပ်ပေးအုံး ကိုယ့်ဘောင်းဘီကွဲထွက်တော့မယ်"
"Ah.. ဟုတ်ကဲ့ "
"ဒါဆိုရင် ညနေကျရင် တော့ပိုကီပဲစားမှာလား"
"ဟုတ်ကဲ့ "
"စိတ်ကူးပြောင်းသွားလို့ တခြားဟာပြောင်းစားချင်တယ်ဆိုရင်လည်း ဖုန်းဆက်လိုက်နော်"
" ဟုတ် "
ကလေးလေး မင်းအဖေကိုနည်းနည်းတောင်ရင်ခုန်သွားတယ် အရမ်းဂရုစိုက်တတ်တာပဲ
"ကောင်းကောင်းနေခဲ့နော် ပိုက်ဆံရှာပြီးပြန်လာခဲ့မယ်"
" ဟုတ်ကဲ့ ကောင်းကောင်းသွားပါ"
အိမ်ရှင်ပြန်ထွက်သွားတော့မှာ စားပွဲပေါ်ကပိုက်ဆံတစ်ထပ်ကို တွေ့လိုက်ရတယ်
ဒီပိုက်ဆံတွေကမနေ့ကအတွက်
ပေးတာထင်တယ်
ကျေးဇူးတင်ပါတယ်ဂျောင်ကုအလုပ်ဆင်းတဲ့ အချိန်ထိ
ငါ့အလုပ်ကစားလိုက်အိပ်လိုက်လုပ်တာပဲ" ဒီနေ့ညစာကို သူဌေးနဲ့စားမယ်ဆိုတော့ညနေစာမပြင်လည်းဖြစ်လား "
"ဟုတ်ကဲ့မပြင်လည်း ရပါတယ်"
ဒါဆိုရင်ငါက သူပြန်လာတဲ့ အချိန်အထိစောင့်နေရမှာပေါ့
"ကောင်းပါပြီကောင်းကောင်းစားခဲ့ကြပါ"
" ဟုတ်ကဲ့ "
ဒါပေမဲ့ဂျောင်ကုက နေဝင်တဲ့အချိန်အထိတောင်ပြန်မရောက်လာသေးဘူး ဒုက္ခပဲဗိုက်ကလည်းဆာနေပြီ
ည11နာရီတောင်ရှိသွားပြီ ဒီညနေချိန်းထားတာများမေ့သွားလို့လားမသိ
ရပါတယ်လေကိစ္စမရှိပါဘူးခုတေလာ ဂျောင်ကုကို တွေ့ရင် ရင်ထဲမှာကလိကလိဖြစ်နေလို့ကိုယ့်ကိုယ်ကိုလည်းရူးနေပြီတောင်ထင်နေခဲ့တာ
အခုဆိုဘာစားချင်လဲမေးပြီးပန်းခြံကိုခေါ်သွားပေးလို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတွေလည်းထပ်ပြောစရာမလိုတော့ဘူး
ထင်ပါတယ်