အခန်း (၁) |【 ပထမအပတ်】

410 20 2
                                    

ပထမအပတ်

ကြာသပတေးနေ့ ညနေခင်းတွင် စိတ်ကျန်းမာရေး ဆေးကုခန်းတစ်ခုသို့ ထူးခြား
သည့် လူနာတစ်ယောက် ရောက်လာခဲ့သည်။
   _____________________________

လင်ချန်နန် က ကိုယ်ရေးအချက်အလက်
ဖိုင်ကို ဖွင့်ကြည့်လိုက်တဲ့အခါ ထူးဆန်းတဲ့ နာမည်တစ်ခုက မျက်လုံးထဲကို ဝင်လာခဲ့တယ်။

သူပြန်သတိရလိုက်တယ်

အစက ဒီအချိန် ရက်ချိန်းယူထားတဲ့ ဧည့်သည်တစ်ယောက်က ပြီးခဲ့တဲ့နှစ်ပတ်လောက်ကပဲ ထို
ပုံမှန်ရက်ချိန်းကို ပြန်ဖျက်သွားခဲ့တာပဲ၊ သူ့အခြေအနေက တိုးတက်လာပြီး မိသားစုနဲ့အတူ တခြားမြို့ကိုပြောင်းတော့မလို့လို့ ပြောသွားခဲ့တယ်။ ဆိုတော့ ဒီ သောကြာနေ့ ညနေ လေးနာရီ
နောက်ဆုံးပိတ်အချိန်က ဧည့်သည်အသစ် တစ်ယောက် ရက်ချိန်းယူထားတာပေါ့

လင်ချန်နန် က သူတို့ကို ​အမြဲတမ်း ဧည့်သည်တွေလို့သာ သုံးပါတယ်။ လူနာတွေ လို့မသုံးနှုန်းပါဘူး။ သူ့ကိုယ့်သူလည်း စိတ်ကျန်းမာရေး ဆွေးနွေးတိုင်ပင်သူလို့ပဲ ခံယူထားပြီး စိတ်ရောဂါအထူးကုဆရာဝန်လို့ မသုံးနှုန်းပါဘူး။

နာရီလက်တံ တစ်မိနစ်လောက်ကျော်သွားပြီးချိန်မှာတော့ တံခါးခေါက်သံ နှစ်ချက် ကြားလိုက်ရတယ်

နှစ်ချက်တည်းပါ။ အားနဲ့ဖိပြီး ခပ်ကျယ်ကျယ် ဆက်တိုက် သုံးချက်ခေါက်သံမဟုတ်ဘဲ ဒုတိယတစ်ချက် ခေါက်သံနဲ့ ပထမတစ်ချက် ခေါက်သံ အကြား ညင်သာစွာ ခေတ္တဆိုင်းငံ့သွားတာက စိတ်ကို မနည်းချုပ်တည်းထားရပုံပေါ်သလို အနည်းငယ်လည်း မရေရာဖြစ်နေဟန်ပင်။

တံခါးက ဖြည်းဖြည်းချင်းတွန်းပွင့်လာပြီး ဧည့်သည်က ဝင်လာပါတယ်။ သူက ခေါင်းကိုညိတ်ပြပြီး နှုတ်ဆက်လာတယ်

"မင်္ဂလာပါ၊ ဒေါက်တာလင်"

ဧည့်သည်က ဘာစကားမှဆက်မပြောတော့သလို
လင်ချန်နန် ကလည်း ဘာတစ်ခွန်းမှမဆိုပေ။ သူက မတ်တပ်ထရပ်လိုက်ကာ ပြန်နှုတ်ဆက်လိုက်တယ်

"မင်္ဂလာပါ ရှန်လူကြီးမင်း၊ ထိုင်ပါဦး"

"ရှန်လူကြီးမင်းက အရင် စိတ်ကျန်းမာရေး ပြဿနာနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးခဲ့ဖူးတာမျိုး ရှိလား"

【ကျွန်တော်အရှင်လတ်လတ်မြေမြှုပ်ခဲ့တဲ့အဲဒီလူ】|| (မြန်မာဘာသာပြန်)Where stories live. Discover now