အခန်း (၂) |【 ဒုတိယအပတ်】

72 8 2
                                    

【 ဒုတိယအပတ်】

သောကြာနေ့သို့ ရောက်ခဲ့ပြန်လေပြီ။

ဆေးခန်းက လုပ်ဖော်ကိုင်ဘက်တွေ လက်ဖက်ရည်ခန်းထဲမှာ စုဖွဲ့ပြီး ပိတ်ရက် အစီအစဉ်တွေ တိုင်ပင်နေကြတယ်။

ဧည့်ကြိုကောင်တာက ဆရာမ​လေးကျန့်က ပြုံးစိစိနဲ့ မေးလာတယ်

"ဒေါက်တာလင် ... ပိတ်ရက်မှာ ချိန်းတွေ့စရာရှိလား"

လင်ချန်နန်က ရယ်လျက်

"ယောက်ျား နဲ့ ခွေးက အိုလာရင် ဘယ်သူမှ မလိုချင်တော့ဘူးလေဗျာ"

ဆရာမလေးကျန့် ခဏ ရယ်နေပြီးမှ

"ပြီးခဲ့တဲ့အပတ်က ဟိုကောင်လေး လာဦးမှာလား"

"ဘယ်ကောင်လေးလဲ" လင်ချန်နန်က မသိချင်ယောင်ဆောင်ကာ မေးလိုက်တယ်

ဆရာမလေးကျန့် က မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့

" သေချာပေါက် ဟို ခပ်ချောချော ကောင်လေးပဲပေါ့"

လင်ချန်နန် မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။

စာရေးမလျှိုက

"ချောတာက ချောပါတယ် ဒါပေမဲ့ သူ့ကို ကြည့်ရင်း ကြည့်ရင်း စိတ်ထဲမှာ နည်းနည်းတော့ ကြက်သီးမွေးညှင်းထမိတယ်"

သူဘာကိုဆိုလိုသလဲ လင်ချန်နန် နားလည်လိုက်ပါတယ်။ ဒါပေသိ သူ့ရဲ့ မူမမှန်နေသည့် ဟန်ပန်က ညို့အားပြင်းပြင်း ဆွဲဆောင်မှု ရှိနေတာကိုတော့ ဝန်မခံလို့မရပေ။

[T/N: ဪ... ဒေါက်တာရယ် ^-^]

လူနည်းစုကြိုက်တတ်သည့်အရာ၊ ဘက်လိုက်သူ နည်းပါသည့်အရာများကိုသာ ပိုမ်ိုစိတ်ဝင်စားတတ်သူဖြစ်ပေရာ စိတ်ပညာကို သင်ယူခဲ့သည့်
မူလ ဦးတည်ချက်မှာလည်း ဒီအချက်ကြောင့်သာ ဖြစ်၏ ။

ဆရာမလေးကျန့် က သကြားညိုဖျော်ရည်ကို တစ်ငုံလောက်သောက်လိုက်ရင်း
"အာ.... ရေခဲတုံးလို ခပ်အေးအေးကြီး
ဖြစ်လောက်မဲ့ပုံပါ"

လင်ချန်နန်က နံရံပေါ်က နာရီကို လှမ်းကြည့်လိုက်ကာ ရေကရားကို လက်ကကိုင်လျက်
ရှေ့ကိုလျှောက်ရင်း လည်ပြန်လှည့်ပြီး

【ကျွန်တော်အရှင်လတ်လတ်မြေမြှုပ်ခဲ့တဲ့အဲဒီလူ】|| (မြန်မာဘာသာပြန်)Where stories live. Discover now