intro

122 10 0
                                    

U

ပထမနေ့

Diamond high universityကန်တင်းတွင်

"အတောင်ပံပါရင်မင်းဆီကို ဝေးနေချိန်တဲ့ခရီးလေးကို
လှမ်းလှည့်တယ် အင်အားရှိစွာ
ထွေးပိုက်ပါတော့ ရင်ခုန်သံတွေ အေးစက်စို့"

ပုံတုံးတုံးဝတ်စုံကိုဝတ်ပြီးဂစ်တာတစ်လက်နဲ့ကန်တင်းရှေ့မှာလာဆိုနေတဲ့ကောင်လေးကိုကြည့်ပြီးသူမနှာခေါင်းရှုံ့မိတယ်

ဘယ်လိုတွေတောင်တုံးလွန်းလို့ဒီခေတ်မှာသီချင်းဆိုပြီးရည်းစားစကားပြောရတာလဲလို့လေ
အဲ့တာကလဲဝန်ကြီးသမီးဖြစ်တဲ့သူမကိုရည်ရွယ်တာတဲ့လေ
ဘာကိုမှစိတ်ဝင်စားလေ့မရှိတဲ့သူမရဲ့မောင်လေးကိုကြည့်လိုက်တော့အဲ့ကောင်လေးကိုတောင်ကြည့်မနေပဲ
ဖုန်းကိုသာစိတ်မပါတပါပွတ်နေတယ်

အဲ့ဒိကောင်လေးလဲကြာရင်လက်လျော့သွားမှာပါလေ လို့သူမတွေးလိုက်တယ် ဘာပဲဖြစ်ဖြစ်
အဲ့ပုံတုံးကသူမအကြိုက်မှမဟုတ်တာ

သီချင်းလာဆိုပန်းနေ့တိုင်းပေးပြီးနောက်ဆယ်ရက်မြောက်နေ့

" ဇီ ကျွန်တော် ဇီ့ကိုချစ်တယ်နော် "

ခါတိုင်းပြောနေကြစကားပြောပြီးပေါ့ပေါ့ပါးပါးပြုံးပြီးထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီးသိပ်မဆိုးပါဘူးချစ်ဖို့ကောင်းသားပဲလိူ့တွေးမိလိုက်တယ်

သူမရဲ့ပြိုင်စံရှားမောင်လေးကိုမေးမလို့လှည့်ကြည့်လိုက်တော့သူရဲ့မေးရိုးတွေထောင်ထနေအာင်အံကြိတ်ထားတဲ့မျက်နှာနဲ့တုန်ယင်နေတဲ့လက်နှစ်ဖက်ကိုမြင်ပြီးသူမအံ့သြမိသွားတယ်
သူမရဲ့မောင်အကြောင်းသူမသိတာပေါ့
အဲ့ကောင်လေးကမျက်နှာအမြဲပြုံးသာနေတာစိတ်ထဲကအပုပ်လေးရှင်းရှင်းပြောပြရင်မျက်နှာနှစ်ဖက်နဲ့စောက်ကျင့်ယုတ်တဲ့နေရာမှာဘုရင်ကြီး

သူကြိုက်တဲ့အရာကခပ်ရှားရှားရယ်
အဲကြိုက်တဲ့ဟာကိုတွေ့ပြီဆိုရင်လဲအံကြီးကိုကြိတ်ပြီးလက်တွေတုန်လာရော
သူကြိုက်တဲ့ဟာကိုမရမချင်းယူမဲ့ကောင်မျိုး

" ဟဲ့မောင်လေး နင်...."

သူမရဲ့စကားပြောသံကိုဖြတ်ပြောလိုက်တဲ့မောင်လေးရဲ့အံကြိတ်ရာကနေထွက်လာတဲ့ခမ်အုပ်အုပ် အသံကြီး

My husband 's Dark SideWhere stories live. Discover now