Z"အဘကျုပ် နောက်ကလိုက်ခဲ့မယ် သွားနှင့်
ကားမဆန့်တော့ဘူး"မြို့ရောက်ရောက်ချင်းငှါးပြီးကျောင်းအဆောင်နာမည်ကိုပြောကာအဘနဲ့အမိကိုအရင်လွှတ်လိုက်သည်
သူကတော့အထုပ်တွေနဲ့နောက်ကားငှါးပြီးလိုက်သွားဖို့စီစဉ်ထားသည်"အေး နောက်တစ်စီးငှါးပြီးမြန်မြန်လိုက်ခဲ့
ငါတို့မင်းအဆောင်ကိုသွားနှင့်မယ်"အမိကကားပေါ်ကလမ်းအော်သည်
"မြန်မြန်လိုက်ခဲ့နော် လူလေး"
"စိတ်ချပါအမိရဲ့"
အဘတို့ထွက်သွားတာနဲ့သူ့မှာမနားနိင်ဈေးကားပေါ်ကသူ့အထုပ်တွေချပြီးကားငှါးဖို့ပြင်ရတော့သည်
ရန်ကုန်မြို့ဆိုတာကြီးကိုသေချာကြည့်ဖို့အချိန်မရှိပေမဲ့မြင်မြင်သမျှသူ့အတွက်အထူးအဆန်းဖြစ်လို့နေသည်အထူးသဖြင့်သူတို့ဝတ်ဆင်တဲ့အဝတ်အစားတွေနဲ့သူတို့မျက်နှာပေါ်ကရောင်စုံခြယ်မိတ်ကပ်တွေပေါ့။
သက်ကြီးကြီးမိန်းမကအစငယ်ငယ်ရွယ်ရွယ်ကောင်မလေးတွေအထိဖြူဖွေးနေသေါပေါင်တံပေါ်သည်အထိတိုတက်နေသောစကပ်ဘောင်းဘီတို့ကိုဝတ်ထားကြသည်သူ့မှာကြည့်ရတာကိုပင်လိပ်ပြာမလုံသလိုခံစားလာရသည်
ကောင်လေးတွေကျတော့လဲအနွေးထည်ထူထူပွပွဘောင်းဘီရှည်ကြီးတွေနဲ့ဆံပင်ဂုတ်ထောက်နေတော့သူ့မှာအိုက်သလိုအင်ခံစားရသလိုလို။တွေဝေငေးမောနေမှုကိုအဆုံးသတ်လိုက်သည့်အရာကသူ့အဝတ်ထုပ်ကိုဆွဲပြီးထွက်ပြေးသွားတဲ့သူခိုးရဲ့နောက်ကျောကိုမြင်လိုက်ရတဲ့အခါပဲဖြစ်တယ်
"ဟိတ်လူ ဟိတ်လူ ကျုပ်အဝတ်ထုပ်ကိုပြန်ပေးစမ်း
ခင်ဗျားမိလို့ကတော့နာပြီသာမှတ်"သူခိုးကသူ့အဖော်ရဲ့ဆိုင်ကယ်ပေါ်တက်လိုက်သွားတော့
သူလဲကြံရာမရတော့ဘဲလှမ်းမြင်လိုက်တဲ့ဆိုင်ကယ်အမဲအကြီးကြီးပေါ်ခုန်တက်လိုက်သည်"မြန်မြန်လေး ရှေ့ကလူနောက်လိုက်ပေးစမ်းပါ
ကျုပ်အဝတ်ထုတ်ပါသွားလို့"ဇီတစ်ယောက်ဒေါကန်နေတဲ့အချိန်မှာသူ့ဆိုင်ကယ်အိကျသွားလို့နောက်လှည့်ကြည့်လိုက်တော့ညို နုနုမျက်နှာမျက်လုံးဝိုင်းဝိုင်းနဲ့တောသားလိုလိုဘာလိုလိုဟာလေးကိုတောသားလေသံနဲ့တွေ့လိုက်ရသည်
YOU ARE READING
My husband 's Dark Side
Romanceကျွန်တော်ရဲ့အချစ်စစ်ကိုရှာတွေ့ခဲ့ပြီသူမကဂုတ်ထောက်ဆံပင်လေးနဲ့အရမ်းလှတာပဲ သူမကိုကျွန်တော်ချစ်ပေမဲ့ သူမကကျွန်တော့ယောင်းမဖြစ်လာခဲ့ပြီးကျွန်တော်ကသူ့မောင်နဲ့ညားသွားတယ် အီး....ဟီး ပြီးတော့အဲ့ကောင်ကြီးက ကျွန်တော့နှစ်ကိုယ်စာလောက်ရှိတဲ့မျက်နှာနှစ်ဖက်နဲ့ကောင်...