(Unicode )
မမှောင်ခင် ဆေးရုံမှာရှိတဲ့ မားမားဆီ ပြေးတဲ့ကောင်လေး ရှောင်းကျန့် ချန်ယီနဲ့ ကမ်းနားမှာ အနားယူခဲ့ပြီး အိမ်ပြန်တဲ့ဆီလဲမရောက်ခဲ့ပါ ဆေးရုံးက မားမားဆီ တန်းသွားသည်။
သူ့ရဲ့ ပထမဦးဆုံးအကြိမ်မို့ထင်ပါသည်တစ်ကိုယ်လုံး နာကြင်နေသလိုခံစားနေရသည် လက်နဲ့ခြေတွေကပါ ကိုက်ခဲနေသလို အောက်ပိုင်းနေရတာကလဲ အတော်လေး နေရခက်သည်။ခန္ဓာကိုယ်ပေါ်က နာကြင်မှုကြောင့် စိတ်ညစ်နေပေမယ့် မားမားဖြစ်သူ၏ ဆေးဖိုးကို လုံလုံလောက်လောက် ပေးနိုင်တာမို့ ရင်အေးမိသည် ။
မားမားဟာ လွန်ခဲ့တဲ့အချိန်တစ်ခုကမှ အကြိတ်တစ်ခု တည်လို့ ဆေးရုံတက်ခဲ့ရသည်သာ ဖြစ်သည် ခွဲစိတ်လို့ရတဲ့ ရောဂါဆိုပေမယ့် ခွဲစိတ်ဖို့အထိ ပိုက်ဆံမတတ်နိုင်တာမို့ ဆေးတွေသာ သောက်ပြီး ဆေးရုံတက်နေရသည်သာ။
ရှောင်းကျန့် နဲ့ သူ့မားမားဟာ ဂျောင်ကျတဲ့ ရပ်ကွက်လေးတစ်ခုမှာ အငှားတိုက်ခန်းလေးတစ်ခုမှာနေသည် ဖခင်မရှိတဲ့အတွက် ရှောင်းမားကပဲ ရှောင်းကျန့် ကို ပြုစုပျိုးထောင်ပေးလာခဲ့ရသည် အဖေလဲသူမအမေလဲသူမဆိုသလို ရှောင်းကျန့် ကျောင်းစရိတ် အစစရာအရာကို တစ်ယောက်ထဲ ခေါင်းခံနေခဲ့ရသည် ။
မိခင်နေကောင်းစဥ်က ကျောင်းစာကိုပဲ အာရုံစိုက်ခဲ့ရတဲ့ ရှောင်းကျန့် ဟာ မိခင်နေမကောင်းဖြစ်သွားချိန်မှာတော့ မိခင်အစား အားလုံးကသူ့ခေါင်းပေါ်ရောက်လာခဲ့သည် မိခင်ဆေးဖိုးအပြင် သူ့ကျောင်းစရိတ်တွေကလဲရှိသေးသည် ဒါအပြင်တိုက်ခန်းဖိုးကလဲ ရှိသေးတာမို့ ကျောင်းသားတစ်ယောက်အနေနဲ့ ဒီဝန်ကြီးကတော့ များပြားလွန်းလှသည် ။
"ဆရာ မားမားအခြေအနေလေး ....
"ပုံမှန်ပါပဲ ဒါပေမယ့်အကြိတ်ကခွဲစိတ်လိုက်တာအကောင်းဆုံးပါပဲ ဆေးတွေက နာကြင်တာကိုပဲသက်သာစေတာပါ အကြိတ်ကိုပျောက်ကင်းမသွားစေပါဘူး ....
"ဟုတ်ကဲ့ဆရာ ကျွန်တော် ခွဲစိတ်နိုင်ဖို့ကြိုးစားပါ့မယ်....
"ဟင်းးး အင်းပါ... ကဲကဲ မားမားကိုစကားသွားပြောလိုက်ပါအုံး..
YOU ARE READING
ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]
Fanfiction"𝑪𝒓𝒖𝒔𝒉 ရဲ့ အဖေ " 𝑳𝒐𝒗𝒆"𝑺𝒆𝒙🔞 ပျော်ရွင်မှု နိဗ္ဗာန်ကို သွားပါဆို မှဲ့နက်ပိုင်ရှင်ဆီကိုပဲ သွားပါမယ် ကိုယ့်အချစ်က ပျော်ရွင်မှု နိဗ္ဗာန် ပဲ 𝒀𝒊𝒁𝒉𝒂𝒏 ⚠️