Part-1

64 6 9
                                    

{Unicode}

1880ခုနှစ်၊ အောက်တိုဘာလ 8ရက် ..
ဂျပန်တို့ ထွက်ခွာသွားပြီဖြစ်သော်လည်း မငြိမ်သက်သော ပြည်တွင်းရေးများကြောင့်တိုင်းပြည်သည် ကမောက်ကမ..

အရာရာထိတ်လန့်ရင်း တိတ်ဆိတ်နေရသော အခြေအနေတွင် ထိုထိုအရာများထက် ပိုမိုတိတ်ဆိတ်နေသည်ကား လျှို့ဝှက်စစ်သားတစ်ဦး၏ နာရေးအခမ်းအနားပင်ဖြစ်သည်။

အခမ်းအနားဆိုသည်ထက် အကျဉ်းရုံးသဘောသည်သာ... အရေးကြီးပုဂ္ဂိုလ် လေးငါးဦးနှင့် မလှုပ်မယှက် ငြိမ်သက်နေသော အမျိုးသားတစ်ဦး။

ထိုသူသည် သေဆုံးသူအမျိုးသား၏ ဆံနွယ်တို့အား တယုတယ ဖွဖွနမ်းရင်း နှစ်ကိုယ်စာသာ ကြားသောလေသံသဲ့သဲ့ဖြင့် ငိုခြင်းမမည်သော စကားဆို၏။
.
.
‌ခေတ်မကောင်းသော်ငြား မောင့်အကြင်နာလေးမျက်နှာ မြင်ရရုံနဲ့ အမောပြေခဲ့ရတာ..
မောင့်ဘဝကြီး အဆင်ပြေ‌နေခဲ့တာ..

မောင့်အကြင်နာအား ထွေးပွေ့ရသော် သော်တာလကို မောင်ပိုင်ရသလို အေးချမ်းရတယ်။သန္တာရောင် နီမြန်းမြန်း နှုတ်ခမ်းလေးက မောင့်အားဆေးလေး။

ကော့ဆင်းနေတဲ့ မျက်တောင်လေးတွေအောက်က မျက်ဝန်းညို‌လေးက စပါးကြီးမြွေညှို့အားထက်ပြင်းလို့ မောင့်အကြင်နာဆီအကြိမ်ကြိမ်ကျရှုံးရခြင်းရဲ့ လက်နက်တစ်ခုပေါ့...

ဆင်စွယ်လို သွယ်လျလျလက်ချောင်းတွေနဲ့ မောင့်မျက်နှာကို ထိတွေ့သော်လည်း အကြင်နာရေ မင်းလက်ကလေး သိပ်ကိုအေးစက်လွန်းနေတယ်...မောင်နမ်းရှိုက်တဲ့ နှုတ်ခမ်းနုနုကလည်း ဖြူလျော်နေတယ်..

မောင့်ကို ညှို့တတ်လွန်းတဲ့ မျက်ဝန်းညိုတို့ကလည်း ‌နှစ်ခြိုက်စွာ မှိတ်ကျနေတယ်...
"မောင်မယုံဘူး..ယမ်းငွေ့တွေကြားက ခူးယူခဲ့တဲ့ ပဲပန်းလေးက နှုတ်ဆက်ထွက်ခွာခြင်း
အဓိပ္ပာယ်ဆောင်ကြဉ်းတယ်ဆိုတာ မောင်မသိခဲ့လို့ပါကွာ ..နော်.."

"အကြင်နာက ယမ်းငွေ့တွေအစား ပန်းနံ့တွေ သဘောကျတယ်ဆိုလို့ မောင်ခူးခဲ့တာပါကွာ..
မောင်တောင်းပန်ပါတယ် မထားခဲ့ပါနဲ့ ၊မစပါနဲ့ကွာ မောင့်ကို...နော် ..မောင်ကတိတည်ပါ့မယ်ကွာ.."

MineWhere stories live. Discover now