Uni
" ပြေးလေ "
" ဘာဗျ...ကျုပ်နဲ့ဘာဆိုင်လို့ ပြေးရမှာလဲ "
" မင်းအရစ်မတတ်ပဲ ကိုယ်နဲ့လိုက်ပြေး...မဟုတ်ရင် မင်း...သေတော့မှာ "
ရိပေါ်ဘဝကဆိုးပါသည်။ ကော်ဖီဆိုင် ပထမဆုံးအလုပ်ဝင်တာဖြစ်သည့်အပြင် ညဉ့်နက်မှသာ ဆိုင်ပိတ်၍ ထိုအချိန်မှ သူအိမ်ပြန်လာရသည်။ ပြောင်းလာသည်လည်းမကြာသေးတာကြောင့် ဒီလမ်းဟာ ဘယ်လိုဆိုတာလည်းသူမသိပါ။ ပထမဆုံးအလုပ်လုပ်သည့်နေ့မှာပဲ ဘယ်ကမှန်းမသိသည့်လူနှင့်တွေ့ရသည့်အပြင် ဘာမှန်းမသိသည့်အခြေအနေကြောင့် သူပါပြေးနေရသည်။
" ဒီမှာ ခင်ဗျားဘယ်သူ... "
" ရှူး! "
လမ်းကြားထဲသို့ ချိုးဝင်ကာ သူ့အား နံရံနှင့်ကပ်ကာ သူ၏နှုတ်ခမ်းအား အုပ်လာသည့် သည်လူ၏ ရနံ့သည် ဝီစကီရနံ့နှင့်...
ဒီ...ဒီလူ Alpha!
" ဝွန်း... "
ရိပေါ်၏နှုတ်ခမ်းပေါ်သို့အုပ်ထားသည့် လက်အား ကိုက်ချလိုက်သည်။ သူတို့လို Omegaတွေအတွက် အန္တရာယ်အများဆုံးက Alpha ပဲလို့ ပါးပါးရှိစဥ်ကပြောဖူးတယ်။
" မင်း! ကောင်လေး မင်းကိုယ့်လက်ကို ဘာကိစ္စကိုက်တာလဲ "
" ကိုက်ချင်လို့ "
ပြောချင်ရာပြောပြီး လှစ်ကနဲပြေးထွက်သွားသည့် ခွေးပေါက်လေးအားကြည့်ကာ ရှောင်းကျန့်က မျက်မှောင်ကျုံ့သည်။
" မင်းက အရိုင်းတုံးလေးပဲ "
ရှောင်းကျန့်က အသက် (၃၀)အရွယ်ဆိုပေမဲ့ ရိပေါ်ရဲ့အသက်က အခုမှ ၁၉နှစ်သာရှိသေးသည်။ ရှောင်းကျန့်ပြေးလာရခြင်းရဲ့အကြောင်းပြချက်က သူ့နောက်ကို သူ့Daddyရဲ့ လူတွေ လိုက်နေတာကြောင့်ပင်။ ခုနကောင်လေးရှေ့ ဖြတ်ပြေးမိတာမလို့ ဒီကောင်လေးကို သူ့ဒယ်ဒီရဲ့ငယ်သားတွေက သူဘယ်ဘက်ပြေးလဲ မေးမှာ။ ကောင်လေးပုံစံကြည့်ရတာလည်း သေချာပေါက် ဖြေမယ့်ပုံစံ။ အဲ့တာကြောင့်ပဲ သူဒီကောင်လေးကို သူနဲ့အတူပြေးဖို့ပြောခဲ့တာ။
" ဒီမှာဗျ...ကျုပ်က "
" ဟျောင့်တွေ ဒီဘက်ကောရှာ "
YOU ARE READING
Strawberry & Whisky{ ကောင်လေး နဲ့ ကိုယ် }
Fantasíaကျွန်တော်တို့ ABO Worldထဲကို အလည်သွားကြည့်ကြမလားဗျ....? တံခါးချိုးလိုက်သည့်လူကို အုပ်ထိန်းသူဆီသွားတိုင်မိမှ ကလေးမွေးပေးဖို့ပါဖြစ်ရတဲ့ဘဝ... စိတ်ကူးယဉ်ရေးသားထားခြင်းမို့ ဝတ္ထုတစ်ပုဒ်လိုသာ တွေး၍ ဖတ်ပေးပါ❤️ Zsww Fantasy ⚠️