Episode 2.

7 0 0
                                    

" California ပြည်နယ် San Francisco မြို့ရဲ့ လမ်းကြားတွေမှာ လုရက်မှုတွေ အများအပြားတိုးပွါးလာတဲ့အပေါ် ပြည်သူများက စိုးရိမ်စိတ်တွေမြင့်တက်နေလျှက်ရှိပြီး အစိုးရရဲ့ အလေးပေးဆောင်ရွက်မှုတွေကို အမြန်ဆုံးလိုအပ်ကြောင်း ပြောကြားခဲ့ကြပါတယ်. "

" အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့ မြို့က အခုဆို Gotham City လိုမျိုးကို အခြေအနေ တော်တော်ဆိုးဆိုးဖြစ်နေတာ . နေရာတကာ အိမ်ခြေမဲ့ ဆေးသမား တွေနဲ့ လူဆိုးတွေချည်းပဲ. သေနတ်ပစ်မှု လုယက်မှုက ခဏခဏဖြစ်နေတာ နေ့ခင်းကြောင်တောင် အပစ်ခံရမှာတောင် စိုးရိမ်နေရတယ်. ရဲတွေကလည်း ထိရောက်တဲ့ဖမ်းစီးမှုတွေမလုပ်နိုင်သေးဘူး. အစိုးရက ဒီအတိုင်းပဲကြည့်နေတော့မှာလား ကျနော်တို့ အသံတွေကို နားမထောင်ဘူးဆို ဒီထက်ပိုဆိုးလာတော့မှာပါ . နောက်ထပ်ရွေးကောက်ပွဲတွေမှာ မဲထည့်ဖို့တောင် အယုံအကြည်မရှိတော့ပါဘူး "

TV မှာလည်း လုယက်မှုတွေအကြောင်း နေ့တိုင်းလိုလို လွှင့်နေပေမယ့် အခြေအနေတွေကတော့ ဘာမှထူးမသွားဘူး.

Jennifer က ဒီနေ့တော့ ကျောင်းတက်ရတဲ့အတွက် မနက်အစောတည်းက အိမ်ကထွက်လာပြီး အတန်းပြီးတဲ့အချိန်ရောက်တော့လည်း အိမ်ချက်ချင်းမပြန်ဖြစ်သေးပဲ ကျောင်းနားက ကော်ဖီဆိုင်တစ်ခုမှာ assignment တွေ အပြီးသတ်အောင်ရေးနေတယ်.

ကော်ဖီဆိုင်ထဲက TVမှာ ပြနေတဲ့ သတင်းတွေက သူ့ရပ်ကွက်အကြောင်းဆိုပေမယ့် သိပ်တော့မအံ့ဩမိဘူး. လူဆိုးရပ်ကွက်လို့တောင် နာမည်ကြီးနေတာပဲ. ကျောင်းတက်ဖို့ စပြောင်းခါစတုန်းက အိမ်ငှါးခတွေစျေးကြီးလွန်းလို့ စျေးသက်သာတဲ့နေရာကို ရှာလိုက်မိတာ. ပွဲစားကလည်း အရမ်းစျေးသက်သာတယ်ပြောလို့ ဝမ်းသာအားရပြောင်းလာပြီးမှ ရပ်ကွက်က တော်တော်အခြေအနေဆိုးမှန်းသိရတယ်. ကျောင်းသားတော်တော်များများက အိမ်ငှါးခ share လို့ရအောင် အခန်းဖော်နဲ့ နေကြပေမယ့် သူအခန်းဖော်ရှာနေတာတော့ အခုထိမရသေးဘူး. သူ့ရပ်ကွက်အကြောင်းကို သိလို့ပဲ မဆက်သွယ်ကြတာထင်တယ်.

"နောက်ထပ် ရရှိထားတဲ့ ကြားဖြတ် သီတင်းတစ်ပုဒ်ကတော့ လမ်းကြားတစ်ခုထဲမှာ အိမ်ခြေမဲ့လူတစ်ယောက် သေဆုံးနေတဲ့ သတင်းပဲ ဖြစ်ပါတယ်. ဒီလိုသေဆုံးမှုတွေဟာ အထူးအဆန်းတော့မဟုတ်ပေမယ့် သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲ ခန္ဓာကိုယ်မှ သွေးအမြောက်အများဆုံးရှုံးမှုကြောင့် သေဆုံးရတာကတော့ ပထမဆုံး case ဖြစ်ပါတယ်. ရဲတွေရောက်သွားတဲ့အချိန်မှာ victim ဟာ လမ်းကြားထဲမှာ လဲကျနေပြီး သူ့ရဲ့ လည်ပင်းသွေးကြောမကြီးနေရာမှာ နက်ရှိုင်းတဲ့ကိုက်ရာတွေနဲ့ အသက်သေဆုံးနေပြီဖြစ်ပါတယ်. ထူးခြားတာက လည်ပင်းဒဏ်ရာကနေ အပြင်ကိုသွေးတွေအများကြီးစီးကျနေရမယ့်အစား သွေးတွေခမ်းသွားတဲ့အထိ တစ်ကိုယ်လုံး စက္ကဖြူတစ်ရွက်လို ဖြူလျော်ပြီး သေဆုံးနေတာပါ.
dead body ကို စစ်ဆေးချက်အရ လွန်ခဲ့တဲ့ ၁၀နာရီခန့်က အသတ်ခံခဲ့ရတယ်လို့ ခန့်မှန်းရပါတယ်.
ရဲတွေကတော့ ဒါဟာတိရိစ္ဆာန် တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့်လား လူတစ်ယောက်ယောက်က သတ်ခဲ့တာလားဆိုတာ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်."

You've reached the end of published parts.

⏰ Last updated: Oct 10, 2023 ⏰

Add this story to your Library to get notified about new parts!

She's mineWhere stories live. Discover now