ဇာတ်လမ်းအစ

4.4K 33 0
                                    

သူရိန်ချမ်းမြေ့......သူ့နာမည်လေးကတော့သူရိန်ချမ်းမြေ့ပါ...။

အခုရက်ပိုင်း သူ့စိတ်တွေကတော့မချမ်းမြေ့ပဲ သူရိန်နေမင်းကြီးလို ပူလောင်နေရတယ်...။

ချမ်းမြေ့မှာ ချစ်ရတဲ့ကောင်မလေးရှိတယ်.....။သူမနာမည်က ပန်းအိ။

နယ်မြို့လေးတစ်မြို့က တက္ကသိုလ်တစ်ခုမှာတက်ကြတယ်။သူတို့က တက္ကသိုလ် ပထမနှစ် ကျောင်းစတက်ကတည်းကခင်ခဲ့ကြရာကနေ ချစ်ခဲ့ကြတဲ့ချစ်သူတွေ အရမ်းလေးချစ်ကြတဲ့ချစ်သူတွေပေါ့။တစ်ယောက်ကို တစ်ယောက် နားလည်ကြတယ်၊သူငယ်ချင်းလို၊မောင်နှမလို ချစ်သူလို အပြန်အလှန်နားလည်မှုတွေနဲ့ချစ်ကြတဲ့ အချစ်ပေါ့..။
ချမ်းမြေ့က ကျောင်းမှာ ကင်း အရွေးချယ်ခံထားရတဲ့သူ။တစ်ကယ်လည်း ထိုက်တန်တဲ့သူပါ။ အရပ်ရှည်ရှည် အသာဖြူဖြူ ၊ပထမနှစ်ဆိုပေမဲ့ တောင့်တောင့်ဖြောင့်ဖြောင့်လည်းရှိတော့ တစ်ကျောင်းလုံးက ကောင်မလေးတွေတင်မက ကောင်လေးတွေကပါ ယောက်ျားချင်း ကြွေလောက်တဲ့ အချော မျိုးချောတဲ့ကောင်လေးတစ်ယောက်ပါ။

ချမ်းမြေ့က တစ်ကျောင်းလုံးသာမက တခြားတက္ကသိုလ်တွေက လာငေးကြရလောက်အောင်ထိ နာမည်ကြီးအောင် ချောမောလှပတဲ့ မင်းသားလေးတစ်ပါးပါ။

ပန်းအိကလည်း ကျောင်းက အချော အလှ စာရင်းဝင် ကောင်မလေးတစ်ယောက်ပါ။ သူတို့နှစ်ယောက်က နေနဲ့လ ရွှေနဲ့မြ တကယ်ကို လိုက်ဖက်ညီလှတဲ့ အတွဲတွေပေါ့။
ချမ်းမြေ့က ရုပ်ချောရုံသာမက အားလုံးနဲ့လည်း လိုက်လျောညီထွေ ပေါင်းတတ်သင်းတတ်မလို့ တစ်ကျောင်းလုံးကလဲ သူ့ကို ချစ်ကြတယ်။

ချောလှတာ တစ်ခုထဲကြောင့်မဟုတ်ပဲ....သူ့ရဲ့စိတ်သဘောထား ကြောင့်ပါ လူတွေက သူ့ကို ဝိုင်းချစ်ကြတာပါ။
အရမ်းပျော်ရွှင်ချမ်းမြေ့ဖွယ် နေ့ရက်လေးတွေပေါ့.....။

ချမ်းမြေ့တတိယနှစ်ရောက်ပြီး ဖြစ်ပျက်ခဲ့တဲ့ အဲ့ဒီကိစ္စတစ်ရက်မတိုင်ခင် အထိပေါ့......။

ကိုဒီပါ....။

ကိုဒီပါက သူရိန်ချမ်းမြေ့တို့ ကျောင်းက နှစ်ချို့ repeater ကြီးပေါ့။ချမ်းမြေ့နဲ့ တစ်ဆောင်ထဲ...။ လေးနှစ်တန်းကတည်းက ကျောင်းပြီးရမှာကို အခု စနစ်တွေပြောင်းပြီး သူ့သူငယ်ချင်းတွေတောင် ဆရာပြန်ဖြစ်နေကြတဲ့အထိ သူက ကျောင်းပျော်ကြီးလုပ်တုန်း..။

ရည်းစားနဲ့ကောင်ကလေးWhere stories live. Discover now