အပိုင်း(၁)

184 6 1
                                    

"မဟုတ်ဘူးလေ...မောင် ဒီလို‌ေတွဖြစ်ဖုိ့် မင်းကုိ ချစ်ခဲ့တာမဟုတ်ဘူးလေ"

ပါးပြင်ထက် မျက်ရည်တွေသည် နေရာနှံ့မကျန် စီးဆင်းနေခဲ့ပြီး နှလုံးအသည်းအိမ်တွေ ကွဲကြေမတတ် ငိုကြွေးနေသောသူ။

ဘာတွေက ဘယ်လိုစမှားယွင်းသွားခဲ့သလဲ သူမသိ။ လက်ရှိ သူသိပ်ချစ်ရပါသည်ဆိုတဲ့ လူသားကတော့ သူ့ရဲ့လက်တွေပေါ်မှာ ငြိမ်ငြိမ်လေး လှဲလျောင်းနေခဲ့လေသည်။

"မောင် မင်းဆီက အချစ်တစ်ခုကလွဲ ကျန်တာ မမျှော်လင့်ခဲ့ပါဘူးကွာ...မောင့်ကို စိတ်ဆိုးစိတ်ကောက်ပြချင်ရုံသက်သက်နဲ့တော့ အဲ့လိုကြီး သွေးအိုင်ထဲ လဲပြီး မစနောက်ရဘူးလေ...မစနောက်ကောင်းဘူးလေနော်...လုပ်ကြဦး ဘေးကနေ ကူပြောပေးကြဦးလေဗျာ"

ဧည့်ခန်းမကြီးရဲ့ အလယ်မှာ ဝမ်းနည်းစရာ မြင်ကွင်းလေးသည် ကြေကွဲစရာ။ ဘေးကနေလူတချို့သည်လည်း ရှိုက်ငိုကြွေးနေကြရုံမှတပါး မည်သူမျှ ဘာမှ မတတ်နိုင်ခဲ့။ သူတို့လည်း ထပ်တူဝမ်းနည်းပေးဖို့ပဲ လက်ရှိမှာ တတ်နိုင်သည်လေ။ အရာအားလုံးက နောက်ကျသွားခဲ့ပြီပဲ။ အချိန်မီ ပြောင်းလဲလို့ရခဲ့ရင်တောင် ဖြူစင်စွာ မှိန်းစက်နေသော လူသားငယ်ကတော့ ထို‌ေပြာင်းလဲလုိ့ရခြင်းအပေါ် ဆန္ဒရှိခဲ့လိမ့်မည်မဟုတ်။ ထိုလူသားငယ်ရွေးချယ်ခဲ့သည့်လမ်းမှာ သူကိုယ်တိုင်လည်း ပျော်ရွှင်မနေခဲ့သလို သူ့ရဲ့စိတ်ကျဝေ‌ဒနာတွေအပေါ် အနိုင်ယူပြချင်မှုလေးတစ်ခုနဲ့တင် ကျန်ရစ်သူကို ရှင်လျက်နဲ့ သေလူဘဝအဖြစ် ဇာတ်သွင်းသွားခဲ့သေးတာ။ တကယ်ဆို နှစ်ဦးလုံး ဇာတ်နာနေခဲ့ကြပါရက်နဲ့။ ဘာလို့များ သူ့ဘဝတစ်ခုလုံးကို စိတ်ရိုင်းတွေအား ဝါးမြိုခွင့်ပြုပြီး ဇာတ်သိမ်‌းစေခဲ့တာပါလိမ့်? ကျန်ရစ်သူအား ရင်နာရအောင် လူသားငယ်ရယ်!

"မင်းက မောင့်အပေါ် ဖြေဆည်မရအောင် အနိုင်ယူသွားတာပဲ ...မင်းနိုင်ပါတယ် မင်း မောင့်ကို တစ်ဘဝလုံးစာ အနိုင်ရသွားပြီဆိုတာ မင်းသိရဲ့လား? ထပြီး ကြည့်ဦးလေ...ဒီကောင်ကြီး မင်းပေးတဲ့အရှုံးကို အရူးတစ်ယောက်လိုမျိုးကျေကျေနပ်နပ်ကြီး ခံနေရပြီဆိုတာ ထပြီး ကြည့်ပါဦးလား မောင့်သဲငယ်ရဲ့ !"

💔All I Want Is Nothing More But You💔Where stories live. Discover now