"ဒါဆိုတခြားတင်ပြစရာ မရှိတော့ရင်အစည်းဝေးကို ဒီလောက်နဲ့နားကြတာပေါ့။ ကိုယ်တာဝန်ယူထားတဲ့ အပိုင်းမှာ ပြသာနာတစ်ခုခုရှိရင် ကျွန်တော့်ကိုအချိန်မရွေးလာတင်ပြပါ"
"ဟုတ်ကဲ့ပါ Boss"
"ဆိုက်ဖက်ကနေဖုန်းဆက်ထားတာ တချက်သွားစစ်မလို့ ဟာအိုကတော့ သွားဖို့အသင့်ပြင်ထားလိုက်ပါ"
"ဟုတ်ကဲ့"
ဟာအိုလိုအပ်တဲ့ စာရွက်စာတမ်းတွေ သေချာစစ်ယူနေတုန်း အမဂျူယွန်းက စိတ်ဝင်တစားဖြင့်
"ဟာအို Bossနဲ့နှစ်နာရီလောက် ကားတူတူစီးပြီးသွားတာလေ ကားပေါ်မှာ ဘာတွေပြောဖြစ်ကြလဲ""ဘာမှမပြောဖြစ်ပါဘူး အမ"
"ဟမ် နေပါအုံး ဒါဆိုနှစ်ယောက်လုံး ဒီတိုင်းကားပေါ်မှာငုတ်တုပ်ကြီးတွေပေါ့။ Bossကလဲကားမောင်း မောင်လေးကလဲဘာမှမပြော အဲ့လိုအခြေနေကြီးလား?"
"ဟုတ် သူကလဲသူ့ဟာသူကားမောင်းနေတာဆိုတော့ ကျွန်တော်လဲပြောစရာမရှိဘူးလေ တခါတလေ လုပ်ငန်းလိုအပ်တာလေးရှိရင်တော့ ပြောဖြစ်ပါတယ်"
ပြန်စဉ်းစားကြည့်တော့လဲ ဟုတ်ပါသည်။ လွန်ခဲ့တဲ့သုံးလလောက်က ပရောဂျက်ကြီးတစ်ခု လက်ခံရရှိတာ အဲ့တုန်းကလုပ်ငန်းတာဝန်တွေအသီးသီးခွဲရင်း ဟာအိုကလုပ်သက်အရ အငယ်ဆုံးလဲဖြစ် အလုပ်စဝင်တာလဲသိပ်မကြာသေးတော့ သူ့တာဝန်က ဆောင်းဟန်ဘင်းနဲ့တူတူ ဆိုက်လိုက်စစ်ရင်း စာရင်းဇယားမှတ်တာလောက်ပင်။
အဲ့တော့ အပင်ပန်းသက်သာတယ် မထင်လိုက်နဲ့၊ ဆောင်းဟန်ဘင်းက အသွားအပြန် လေးနာရီလောက်ရှိတဲ့ လုပ်ငန်းခွင်ကို တစ်ပတ်မှာသုံးရက်လောက်က သူ့ကိုယ်တိုင်လိုက်စစ်သည်။ အဲ့လိုသုံးလလောက်တူတူသွားလာရလို့လဲ ရင်းနှီးပီလို့တော့ မထင်လိုက်နဲ့၊ သူကလဲကားမောင်းတာကိုပဲ အာရုံစိုက်၊ ကိုယ်ကလဲ ဘေးကနေတိတ်တဆိတ်ထိုင်ပြီးလိုက်၊ တခါတလေတော့ ငိုက်ပြီးလိုက်တာပေါ့။"Boss ရောက်ပြီလားခင်မျ၊ ကျွန်တော်လဲအခုပဲအရေးကြီးတင်ပြစရာရှိလို့"
"ဘာပြသာနာရှိလို့လဲ"
"ပြသာနာတော့ မဟုတ်ပါဘူး၊ နှစ်ရက်လောက်က မိုးလေဝသသတင်းကြေငြာထားတာ ဒီဖက်ကိုမုန်တိုင်းအဖျားခတ်နိုင်ချေရှိတယ်တဲ့။ မိုးကလဲ ရွာလိုက်တိတ်လိုက်ဖြစ်နေတာ အဲ့တာကျွန်တော်စက်ပစ္စည်းတွေ တချက်စိတ်ပူလို့၊ အထဲဟာတွေက စိတ်ချရပေမဲ့ အပြင်ကသုံးလက်စဟာတွေက အနည်းနဲ့အများရေဝင်သွားရင် လုပ်ငန်းကြန့်ကြာမှာစိုးလို့ ခင်မျ"