'တောက်~~~'
ရုံးကပြန်ရောက်ရောက်ချင် ဖုန်းကိုဖွင့်ကြည့်ရင်း Choi Beomgyu တောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်မိသည်။
ဖုန်းခေါ်ဆိုထားခြင်းမရှိဆိုသော အကြောင်းအရာက ရင်ဝတွင် ဒေါသတွေဆူပွက်ထလာဖို့လုံလောက်သည်။ဒါသက်သက်ကြီးChoi Beomgyuကိုစိန်ခေါ်လိုက်တာ.......
ညကစိတ်ဆိုးပြီးဖုန်းချသွားသည်ကို သိသိကြီးနှင့် တစ်နေကုန်လုံးဝဖုန်းမဆက်သည်မှာ ChoiBeomgyuကိုရှိသည်ဟုပင်မထင်ဟု ပေါ်တင်ကြီးစော်ကားနေသည်မဟုတ်ပါလား......
တွေ့ကြပြီပေါ့ကွာ....
'ဟဲလို သည်းတုံး'
ဖုန်းဝင်ဝင်ချင်း ကြည်လင်နေသောအသံအနေအသံထားရယ်ကြောင့် ဆဲမယ်လို့အားတင်းထားသမျှ ထက်ဝက်ခန့် လျော့ကျသွားရသည်ကChoi Beomgyuရဲ့ အားနည်းချက်....
'မင်းဘာအချိုးချိုးတာလဲ ဟေ့ကောင်'
တက်နိုင်သမျှ အသံကုန်အော်လိုက်ပေမယ့် ပြန်ရလိုက်သည့် ဒေါသသံမြူမှုန်မျှမပါဝင်သော ရယ်သံလွင်လွင်က ဆည်းလည်းသံပမာ ရင်ကိုခပ်ငြိမ့်ငြိမ့်လှုပ်ခတ်သည်။
'ဒီနေ့ကလေးတွေစာမေးပွဲခန်းစောင့်ရလို့ပါအသည်းတုံးရယ် ကိုယ်ကဘာအချိုးချိုးရမှာလဲ'
'အပိုတွေဟေ့ကောင် မင်းခေါ်ချင်ရင်ခေါ်လို့ရနေတာကို လျှောက်မပြောနဲ့ မင်းကငါ့ကို$ရေးကိုလုံးဝမလုပ်တာကွာ'
ဂရုမစိုက်ပဲ နေနိုင်လိုက်လေချင်းဆိုတဲ့အတွေးက စကားလုံးဆိုးဆိုးတွေထွက်လာစေပေမယ့် ဒီစကားတွေကြောင့်ထားခဲ့ရင်လို့ တွေးမိပြန်တော့ ဝမ်းနည်းမျက်ရည်တို့ကဝေ့သီလာရပြန်သည်။
'တကယ်ပါအချစ်ရယ် ကိုယ်လေတအားအလုပ်တွေရှုပ်နေလို့ပါကွာ တစ်နေကုန်စာမေးပွဲခန်းစောင့်ရတာနဲ့ အဖြေလွှာတွေသိမ်းပြီး ပြန်အပ်ရတာနဲ့ ကိုယ်တကယ်မအားတာ နေ့လည်စာတောင်ကောင်းကောင်းမစားရသေးဘူး ဗိုက်တောင်အောင့်တယ်ကွာ'
စကားသံရဲ့အဆုံးသတ်က ဖျော့တော့သွားတာမို့ ဒေါသတွေကိုမျိုချစရာမလိုပဲ လေနှင်ရာလွင့်ရသည်။အချစ်ကဆန်းကြယ်သည်မဟုတ်ပါလား သူနေမကောင်းခြင်းသည် ကိုယ့်ဒေါသတွေအတွက်ဖြေဆေးတစ်ခွက်သာ.....
YOU ARE READING
အချစ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်
Fanfictionစစ်မှန်သောချစ်ခြင်းတွင်လဲ အဓိပ္ပါယ်ဖွင့်ဆိုပုံချင်း ခြားနားတတ်ကြသည်....❤️