အဝေးပြေးကားပြတင်းပေါက်ဘေးတွင် ခပ်အေးအေးရပ်နေသူရဲ့ လက်ကိုဖွဖွဆုပ်ကိုင်ရင်း မချင့်မရဲခံစားလာရသည်။ချစ်ရလွန်းသူမို့ တစ်ပတ်မပြောနဲ့ တစ်နာရီလောက်တောင် ဝေးဝေးမနေချင်ပါ။
မေမေ့ရဲ့'တစ်ပတ်လုံးပိတ်တာတောင် အိပ်ပြန်မလာရင် နောက်လည်းမလာတော့နဲ့' ဆိုသောရာဇသံကြောင့် နယ်ကိုသူပြန်ခဲ့ရပေမယ့် မခွဲခင်ကပင်လွမ်းချင်နေမိပြီ။
"မပြန်ချင်ဘူးကွာ"
"ပြန်လိုက်ပါ အချစ်ရာ...အချစ်မေမေက တကယ်စိတ်ဆိုးနေပြီကို"
"အဲ့ဒါဆို ကိုကိုလိုက်ခဲ့လေ အခုလက်မှတ်ဝယ်ရင် မှီသေးတယ်"
"ဟာ မလိုက်တော့ဘူး။မေမေကဒီတစ်ပတ်လုံး ခရီးဝေးမသွားနဲ့တဲ့ သူလည်းလာချင်လာမှာမို့လေ။ကိုယ်မလိုက်တော့ဘူးနော်"
ဒီလိုပါပဲ..နောက်ဆုံးတော့Choi Beomgyuကအရာရာရဲ့နောက်မှာပဲ ။Choi Yeonjunရဲ့ အရေးပါလှသောအကြောင်းအရာများတွင် Choi Beomgyuကမပါတာ ထုံးစံပဲ။
"မင်းကအမြဲ အဲ့လိုပဲ"
ရင်ထဲကနာလွန်းလို့ သူ့လက်ကိုဖြုတ်ချလိုက်ပြီး ခန္ဓာကိုယ်ကို ရှေ့တည့်တည့်လှည့်ထိုင်လိုက်သည်။
"သွားတော့ကွာ ကားလည်းထွက်တော့မယ်။မင်းပြန်တော့"
"သည်းတုံးကကွာ...ကိုယ်မေမေနဲ့ပြောပြီးသား ဖြစ်နေလို့ပါကွာ။နောက်တစ်ခါလိုက်မယ် တကယ်နောက်တစ်ခါလိုက်မယ်"
"သွားစမ်းပါ။ဘာနောက်တစ်ခါလဲ။မင်းငါနဲ့လိုက်ဖို့ငြင်းတာ ဒီတစ်ခါရောဆို၃ခါရှိပြီ။ နောက်တစ်ခေါက်ဆိုတာမရှိဘူးကိုကို။နောက်တစ်ခါမင်းကို အိမ်လိုက်ဖို့ပြောမိရင် ငါလျှာငါဖြတ်ပစ်မယ်"
ဘာဆက်ပြောရမှန်းမသိဟန် မှိုင်တွေကျသွားတာကိုလည်း မသနားနိုင်တော့ပါ။ကိုယ်နဲ့တွဲတာသိပ်သဘောမကျလှသော သူ့မေမေက ရုံးပိတ်ရက်ရှည်တိုင်း အကြောင်းတစ်မျိုးမျိုးပြပြီး ကိုယ့်အိမ်မလိုက်ဖြစ်အောင် ကြိုတင်တားတတ်သည်။Choi Yeonjunကလည်းတစ်ဦးတည်းသောသားပီသစွာ သူ့မေမေတစ်ခွန်းဆိုတစ်ခွန်း ကိုယ့်ဘက်ကိုနည်းနည်းလေးမှမတွေးပဲ ငြင်းတတ်သည်မဟုတ်ပါလား။ ရှိစေတော့ ကိုယ်မှသူနဲ့မဝေးရဲသေးတာ ဖြစ်သမျှသည်းခံရုံသာပေါ့.....
YOU ARE READING
အချစ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်
Fanfictionစစ်မှန်သောချစ်ခြင်းတွင်လဲ အဓိပ္ပါယ်ဖွင့်ဆိုပုံချင်း ခြားနားတတ်ကြသည်....❤️