တွေ့ဆုံခြင်းခဏတာ🔞🔞🔞

23.8K 192 16
                                    


(အသုံးနှုန်း ကြမ်းတမ်းစွာ ရေးထားသည့်မို့ မကြိုက်သူများ ကျော်သွားနိုင်
ရန်အသိပေးအပ်ပါသည်။)

................

မိုးသည်းထန်စွာရွာသွန်းနေသောကြောင်​့ အဝေးပြေးလမ်းမပေါ်တွင် သတိထားပြီး မောင်းနှင်းနေရဟန်ရှိသော အိမ်စီးကားငယ်တစီး ဖြတ်သန်းလျှက်ရှိသည်။ ထိုကားကို မောင်းနှင်းသူမှာ အသက် 50ဝန်းကျင် ဒေါ်နှိုင်းမရခင်၊ ဒီနေ့ ရန်ကုန်အရောက်ပြန်ပါမယ်ဆိုမှ အချိန်အဟုန်ဖြင့် ရွာသွန်းလာသောသော မိုး​ကြောင့် လမ်းသေချာမမြင်ရတော့ပဲ ဂရုစိုက်စွာ မောင်းနှင်နေရသည်။

" ဟူး.....ဒီအတိုင်းဆိုရင်တော့ ကားမောင်းလို့ အဆင်ပြေတော့မှာမဟုတ်ဘူး၊ နီးစပ်ရာမြို့မှာ ဝင်နားပြီး မနက်မှပဲ ခရီးရတော့မယ်" တယောက်ထဲ ညီးညူနေစဥ်မှာ ကားမှာ တုန့်ခနဲ ထိုးရပ်သွားလေသည်။

" ဟား ဘာဖြစ်ပြန်ပြီလဲကွာ " ကားစက်ပြန်နှိုးကြည့်တော့ သွားလိုက်ရပ်လိုက်ဖြစ်နေတာမို​့ မနက်မှပဲ ဖြတ်သွားတဲ့ကားကို အကူအညီတောင်းရတော့မယ်။ အချိန်ကြည့်လိုက်တော့ ည 8 နာရီကျော်ပြီမို့ အိမ်တအိမ်အိမ် အကူအညီတောင်းရင်တော့ ကားပြင်လို့ ရမယ့်နေရာ လမ်းညွှန်ပေးနိုင်လောက်ပါရဲ့လေ ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မလှန်းမကန်းမှာ မီးရောင်မှိန်ပြပြလေးတွေ့တာမို့ ထိုနေရာကို သွားရန်ဆုံးဖြတ်လိုက် ကားပေါ်မှ လိုအပ်တဲ့ ပစ္စည်းတချို့ယူကာ ထွက်လာခဲ့လိုက်သည်။

" အိမ်ရှင်တို့....အိမ်ရှင်တို့.....အိမ်ရှင်တို့ "

ဒီနေ့အိမ်မှာ နွေးရတုငယ် တယောက်ထဲမို့ ဇာတ်ကားလေးကြည့်ကာ မိုးပေါ်က ကြယ်လေးတွေကြည့်ရန် ကြံစည်နေချိန် အိမ်ရှေ့မှ ခေါ်သံသဲ့သဲ့ ကြားတာမို့ ထွက်ကြည့်လိုက်မိပါသည်။ မိုးလေတွေကြားထဲ တကိုယ်လုံးစိုချွဲနေသော အမျိုးသမီးတဦးရပ်နေတာမို့ ထီးယူပြီး ခြံထဲဆင်းလာခဲ့လိုက်ပါသည်။

" ဘာကိစ္စ ရှိလို့လဲရှင့် "

" သမီးရေ အန်တီက ခရီးသွားပါ၊ ကားမောင်းလာရင်း ဟိုနားမှာ ထိုးရပ်သွားမို့ ကားပြင်တဲ့ နေရာလေးများ ရှိမလား လာမေးတာပါကွယ်"

တွေ့ဆုံခြင်းခဏတာ 🔞🔞🔞Where stories live. Discover now