~ A dwindling, mercurial high
A drug that only worked
The first few hundred times ~''ဒါလင် ငါကြည့်ကောင်းရဲ့လား''
''ကိုယ့်Babyကအလှဆုံးဘဲ''
''ဒါလင်နော် ဘာလှတာလဲ ဟွန်း!''
နှုတ်ခမ်းလေးဆူကာဂယူဗင်းကိုလှည့်မကြည့်ဘဲစိတ်ကောက်နေတဲ့ချွမ်ရွေ့ဟာသိပ့်လှတဲ့အလှတရားလေးတစ်ခုဘဲ။အရမ်း အရမ်းကိုလှတယ်။
''ငါမကြာခင် ကင်မ် မျိုးရိုးဖြစ်တော့မှာနော်''
''ဟုတ်ပ''
''ဒါပေမဲ့ ငါမင်းနဲ့လက်မထပ်နိုင်တော့ဘူးထင်တယ်''
''Baby~''
ချက်ချင်းလှပနေတဲ့အနေအထားကနေသွေးသံတရဲရဲမျက်နှာကိုပြောင်းသွားတဲ့ချွမ်ရွေ့ကိုမြင်ပြီးနောက်ဂယူဗင်းရဲ့အမြင်အာရုံတွေဟာပွင့်လာခဲ့သည်။မှောင်မဲနေတဲ့အခန်းထဲဝေဝါးဝါးမျက်နှာကျက်ကိုကြည့်ရင်းဂယူဗင်းငိုမိပြန်သည်။သူကတကယ်အသုံးမကျတဲ့ကောင်ဘဲ။ဘယ်လိုတောင်သူအချစ်ဆုံးလူသားလေးကိုနာကျင်အောင်လုပ်မိရတာလဲ!?ပြီးတော့ဂယူဗင်းဘယ်အချိန်ထဲကချွမ်ရွေ့ကိုနာကျင်အောင်လုပ်မိတာလဲ!?
''အာ သူနာမည်ကရှန်ချွမ်ရွေ့တဲ့လေ''
Babyနာမည်ကိုစကြားထဲကကိုယ်မင်းကိုနာကျင်အောင်လုပ်မိခဲ့တာလား!?
''ငါ့ရည်းစားလုပ်''
ကိုယ်မင်းကိုဖွင့်ပြောလိုက်မိတဲ့အချိန်လား!?
''လမ်းခွဲကြမလား ဒါလင်''
''အင်း ကောင်းပြီလေ ကလေးဆန်ဆန်ဆုံးဖြတ်ချင်ရင်လည်းသဘောဘဲ ပြီးတော့ဆံပင်အမဲရောင်ပြောင်းလိုက်ရင် Babyနဲ့လိုက်လောက်မှာ ''
Babyရဲလမ်းခွဲစကားကိုလက်ခံလိုက်မိတဲ့အချိန်လား!?.
'ငါ့ကိုမချစ်တော့ဘူးလား ဒါလင်''
''ချစ်တယ် ဒါပေမဲ့ လက်ထပ်ဖို့ထိတော့မင်းကိုမလိုချင်ဘူး ချွမ်ရွေ့"
သူ့နှလုံးသားကိုလျစ်လျူရှု့လိုက်မိတဲ့အဲ့အချိန်စက္ကန့်ပိုင်းလေးလား!?
ထားပါ ဘာဘဲဖြစ်ဖြစ်အရာအားလုံးကဂယူဗင်းအမှားတွေကြီးသာ။ချွမ်ရွေ့တို့အိမ်အခြေအနေကိုကူညီနိုင်ဖို့အမေ့စိတ်တိုင်းကျယူနာအွန်းနဲ့တွဲခဲ့သည်။ချွမ်ရွေ့သူ့ကိုစိတ်နာအောင်အမျိုးမျိုးလုပ်မိသည်။အဲ့ထဲကအဆိုးဆုံးအရာကတော့ ချွမ်ရွေ့ကိုယ့်ဘာသာကိုယ်အဆုံးစီရင်အောင်လုပ်မိတာဘဲ။တကယ်တော့ချွမ်ရွေ့တို့ကုမ္မဏီပျက်စီးသွားရတာကသူ့အဖေကြောင့်။ ချွမ်ရွေ့ကိုဘဝပျက်မတတ်ပြသာနာရှာမလို့တွေးထားတာကသူ့အမေ။အဲ့ကြားထဲကဘာအင်အားမှမရှိတဲ့ဂယူဗင်း။ချွမ်ရွေ့ကိုအဆင်ပြေစေချင်ဂယူဗင်းဘက်ကမဆွဲထားဘဲ လက်လွတ်ပေးရမယ်လို့တွေးခဲ့တာ။ဒါပေမဲ့သူမှားသွားတာဘဲ။
YOU ARE READING
Meet goes WRONG (Love Sick)
Fanfictionဘုရားသခင်ကငါ့ကိုရွေးချယ်ခွင့်အကြိမ်ကြိမ်အခါခါပေးရင်တောင်ငါဒီအခြေအနေကိုဘဲရွေးမိအုံးမှာ ~ Shen Quanrui