ဟာ
သွားပါပြီ
ကျောင်းနောက်ကျနေပြီ
ပြာပြာသလဲပြေးသွားနေသောမိန်းကလေးတယောက်
အာ့
Sorry တောင်း..တောင်းပန်ပါတယ်
မထင်မှတ်ဘဲကြည့်လိုက်မိသောမျက်၀န်း
ညို့နိုင်လိုက်တာ
ေမှာင်မိုက်နေတဲ့တိမ်ဆိုင့်ရင်ထဲကိုအလင်းေရာင်ထွန်းလင်းပေးတဲ့လမင်းကြီးပါလား
သမီး ဘာဖြစ်သွားသေးလဲ
ဘာမှမဖြစ်ပါဘူး ဆရာမ
ဆရာမရော
ဆရာမလဲဘာမှမဖြစ်ပါဘူး
လာလေ
သမီး
နောက်ကျနေပြီမလား
ဆရာမနဲ့တူတူသွားမယ်
တိမ်ဆိုင့်လက်လေးအားကိုင်၍
ဟုတ်ကဲ့ဆရာမ
တိမ်ဆိုင်ရင်ထဲမှာတော့
ဘယ်လိုမှအမည်ဖော်မရတဲ့ခံစားချက်တစ်ခု
......
သမီးအတန်းသွားတော့နော်
ဆရာမရုံးခန်းထဲသွားပြီးလက်မှတ်ထိုးလိုက်အုံးမယ်
ဟုတ်ကဲ့ဆရာမ
ဟဲ့
မိနွေ
ငါရောက်ပြီ
နောက်ကျလိုက်တာနင်ကလည်း
ဟုတ်တယ်ငါအိမ်ယာထနောက်ကျနေလို့
ငါလေလမ်းမှာဆရာမတစ်ယောက်နဲ့တွေ့ခဲ့သေးတယ်
တော်တော်လှတယ်ဟ
အဲ့ဆရာမကိုတွေ့တော့ငါလေရင်ထဲတမျိုးကြီးဘဲ
တစ်မျိုးကြီးကိုနောက်ထား
ဟိုမှာဆရာမလာပြီ
အေးပါ
ကဲ လူစစ်မယ် မော်နီတာမိန်းကလေးအပြည့်ဆရာမ ယောက်ကျားလေးက၁ယောက်ပျက်တယ်
ဘယ်သူပျက်တာလဲ
မင်းသစ်ပါ
ဒီထဲမှာမင်းသစ်ဘယ်သူ့ကိုခွင့်တိုင်ခိုင်းလိုက်သေးလဲ
မတိုင်ခိုင်းလိုက်ပါဘူးဆရာမ
ခွင့်မဲ့ထဲထည့်လိုက်မယ်
ရပြီ သား သွားတော့
ဟုတ်ကဲ့ဆရာမ
ဆရာမကျောင်းသားစရင်းသွားပေးမလို့
အားလုံးဘုရားရှိခိုးထားကြ
ဟုတ်ကဲ့ပါဆရာမ
တိမ်ဆိုင်မောင် သမီး
ဆရာမနဲ့ခဏလိုက်ခဲ့
ဟုတ်ကဲ့ဆရာမ
........
လမ်းတွင်
ကော်ရစ်တာမှလှမ်း၍မြင်လိုက်ရသောအမျိုးသမီးတယောက်
ဟင် တီချယ်
သမီး ဒီစာရွက်လေးတွေကိုယူပြီးအခန်းထဲကလူတွေကို၁ယောက်၁ရွက်စီဝေပေးလိုက်
ဟုတ်ကဲ့
အခန်းသို့အပြန်ဆရာမ(အော်၍)
အော် သမီးလေး
ဒီနေ့လမ်းမှာတွေ့တဲ့ကောင်မလေးမလား
ဟုတ်တယ်ဆရာမ
ဆရာမကိုမမေးလိုက်ရလို့
ဘာမေးချင်လို့လဲသမီးရဲ့
ဟို...ဆရာမနာမည်
အော်
ဆရာမနာမည်က လမင်းနွယ်ပါ
သမီးနာမည်ကရော
တိမ်ဆိုင်မောင်ပါဆရာမ
တိမ်ဆိုင်.....ဘာ
တိမ်ဆိုင်......မောင်ပါ
မောင်🤔
ရှင်🤭
အော် ဟိုဟာ
တိမ်ဆိုင်မောင်လို့ပြောတာပါ
ဟီးဟီး
သမီးသွားစရာရှိသေးရင်သွားတော့လေ
သမီးဆရာမကဆူနေပါအုံးမယ်
ဟုတ်ကဲ့ဆရာမ
အဲ့ဆိုသမီးသွားလိုက်အုံးမယ်နော်
အင်းသမီး
လမ်းတစ်လျှောက်တွင်
ဟဲဟဲ တီချယ်ကငါ့ကို မောင် တဲ့
စပ်ဖြီးဖြီးဖြင့်ပြန်သွားလေသည်----
နောက်တစ်နေ့
ဒီနေ့ငါတီချယ့်ကိုပန်းလေးသွားပေးမယ်
အန်တီ့နှင်းဆီဖြူတစ်ပွင့်ဘယ်လောက်လဲ
၂၀၀သမီး
တစ်ပွင့်ယူမယ်နော်အန်တီ
အေးအေးသမီးတီချယ်လမင်းမှာရုံးခန်းထဲမှလက်မှတ်ထိုးပြီးအထွက်
ဆရာမ
ပြောလေသမီး
ဆရာမ အတွက်ပန်း
သမီးရယ်တကူးတကကြီး ပိုက်ဆံကုန်အောင်လို့
ရပါတယ်ဆရာမရဲ့ ဆရာမအတွက်ဘဲကို
ဟုတ်ပါပြီကွယ်
သမီးဆရာမကိုနေ့တိုင်းပန်းလာပေးမယ်နော်
ဟင် ဘာလို့လဲ
ဒီတိုင်းဘဲပေးချင်လို့ဆရာမ
ပိုက်ဆံတွေကုန်ပါတယ်သမီးရယ်
ဘာမှမဖြစ်ပါဘူးဆရာမရယ်
အဲ့ဆိုလည်းသမီးသဘောပါရှင်
ဆရာမကိုချစ်လို့ပေးတာလား
ဟုတ်ချစ်လို့
တီချယ်လမင်းမှာ တိမ်ဆိုင့်ရဲ့ဆံပင်လေးအားသပ်ပေးလိုက်၏
တိမ်ဆိုင့်စိတ်ထဲတွင်(အားးးးးချစ်လိုက်တာကွာ)
ဆရာမ သမီးသွားတော့မယ်နော်
အင်းသမီး
ဒါနဲ့ သမီးနာမည်ဘယ်သူ
မောင်...မောင် ဘာဆိုလားဘဲ
ဟဲဟဲ🥲🤭
တမ်ဆိုင်မောင်ပါဆရာမ
အော် ဟုတ်တယ်တိမ်ဆိုင်မောင်
သမီးနာမည်ကိုဒီတစ်ခါတော့ ဦးေနှာက်ထဲမှာသေချာမှတ်ထားလိုက်ပြီ(ဆရာမကလည်းတစ်ခါတည်း မောင် လို့တစ်လုံးထဲခေါ်လိုက်ပါတော့လား)
ဟုတ်ဆရာမ
တိမ်ဆိုင်မှာထွက်လာ၍
နောက်ဆိုရင်ဆရာမသမီးကို မောင်လို့ဘဲခေါ်ရတော့မှာ
တယောက်ထဲ တီးတိုးပြော၍မျက်နှာပိုးမသတ်နိုင်သေးသောတိမ်ဆိုင်Next....
YOU ARE READING
တိမ်ဆိုင်အတွက်မရှိမဖြစ်လမင်း
Romanceတိမ်ဆိုင်လေးတွေဆိုတာလမင်းရဲ့အလင်းရောင်ကိုမျှော်နေကြသူလေးတွေပါ