’Ti..Ti..Ti..Ti’
အိမ်မက်ကောင်းနေစဉ် ဘေးနားမှထမြည်လာသည့် Alarm သံကြောင့် စိတ်ညစ်သွားရသည်...
'ဒုန်း..ခွမ်း!'
မနက်စောစောစီးစီးကြားလိုက်ရသည့် ကျယ်လောင်သောအသံနှင့်အတူ နောက်ထပ်နာရီတစ်လုံးဟာ ကွဲသွားခဲ့ပြန်ပါပြီ....
ဒါနဲ့ဆိုရင် ၄၈လုံးမြောက်...
အိမ်မက်ပျက်သွားရတာကြောင့် စိတ်ပေါက်ပေါက်ဖြင့်ပင် နာရီအားကိုင်ပေါက်လိုက်ရင်း အိပ်ချင်မူးတူးနှင့်သာ ထထိုင်လိုက်၏...
"သခင်လေး ထိမိသွားသေးလား"
ကပြာကယာပြေးဝင်လာသည့်အိမ်တော်ထိန်းအားခေါင်းခါပြလိုက်ရင်း.....အစိတ်စိတ်အမွှာမွှာကွဲကြေနေသည့် နာရီအားလက်ညိုးထိုးပြလိုက်သည်...
"သိမ်းလိုက်!"
အမိန့်ဆန်ဆန်လေသံဖြင့်ပြောလိုက်ကာ...တစ်လောကမှသွားဆိုးလာသည့် ရွှေအိုရောင်ဆံပင်များအားထိုးဖွလိုက်သည်....မနေ့ညကအရက်ရှိန်ကြောင့်ယိုင်တိုင်တိုင်နဲ့သာပင် ရေချိုးခန်းထဲသို့ဝင်လာခဲ့သည်...
ကိုယ့်ကိုယ်ကိုမှန်ထဲကြည့်လိုက်ပြီး ပထမဆုံးရေရွတ်လိုက်သည့်စကားတစ်ခွန်းက...
"ငါစောက်ရမ်းချောတာဘဲ.!"
အလယ်ခွဲထားသည့် ဆံပင်အားသပ်တင်လိုက်ရင်း ပြုံးကာဆိုလိုက်သည်...
ရေမိုးချိုးခေါင်းလျှော်လိုက်ပြီးနောက် ကျောင်းသွားဖို့ရန်အတွက် သေသေချာချာပြင်ဆင်လိုက်သည်..
အောက်ထပ်မဆင်းခင် ကိုယ်လုံးပေါ်မှန်ရှေ့ တော်တော်ကြာကြာရပ်ရင်း ကြည့်ခဲ့ပါသေး၏...
"မာမီ!!"
ခပ်စွာစွာအသံလေးနှင့်အတူ လှေကားထပ်မှပြေးဆင်းကာ သူ့အားဖက်တွယ်လာသည့် သားဖြစ်သူ Fourth Nattawat အား ချော်လဲကျမည်စိုး၍သတိပေးစကားပြောလိုက်သည်..
"မာမီ့မင်းသားလေးရယ် ဖြေဖြေးဆင်းလာမှပေါ့ တော်ကြာချော်လဲလို့ ပွန်းပဲ့ကုန်ရင် မာမီရင်ကျိုးရချည်ရဲ့ကွယ်!"
ရင်ဘတ်လေးကိုဖိရင်းဆိုလာသည့် မာမီအား အတောက်ပဆုံးပြုံးပြကာထမင်းစားပွဲ၌ ဝင်ထိုင်လိုက်သည်...