"အကို ကျတော်သွားတော့မယ်"
"အေးအေးဂရုစိုက်သွား နေ့လယ်စာစားဖို့လဲမမေ့နဲ့နော်"
ခေါက်ဆွဲဆိုင်ဖွင့်ဖို့အတွက်ပြင်ဆင်နေတဲ့အကိုဖြစ်သူအားနှုက်ဆက်စကားဆိုရင်း ချမ်းအေးလှတဲ့ ဆောင်းဦးမနက်ခင်းထဲသို့တိုးဝင်လာခဲ့သည်။
ဒီနေ့ဟာ ကျတော့်ရဲ့ပထမဆုံး ကျောင်းအသစ်စတတ်တဲ့နေ့..သိပ်ပြီးထူးထူးခြားခြားတော့လဲမဟုတ်တန်ရာ..အကိုဖြစ်တဲ့ Naniက အမြဲလိုလိုအပြောင်းအရွေ့လုပ်ရတတ်တဲ့သူမို့ ကျတော်လဲ ကျောင်းကိုခဏခဏပြောင်းရတာများပါသည်...ဒါကသိပ်ပြီးတော့လဲအာရုံမထားတော့ပါဘူး ဒီတစ်နှစ်ပြီးရင် ကျတော် ကျောင်းပြီးပြီလေ
ဝယ်ထားတဲ့အိမ်အသစ်နဲ့ မလှမ်းမကမ်းလောက်မှာရှိနေတဲ့ ကျောင်းကတော့ ကျတော်တက်ရမဲ့ကျောင်းပေါ့...လက်ရှိအခြေအနေကိုပြန်လာရမယ်ဆိုရင် ကျတော်အခုကျောင်းဝင်းထဲမှာ အခန်းပတ်ရှာနေရတဲ့အခြေအနေဘဲ..
'ဘုတ်'
"Ohh..Sorryပါ ကျတော်တောင်းပန်ပါတယ် ဘာများဖြစ်သွားသေးလဲ"
ပြုတ်ကျသွားခဲ့တဲ့စာအုပ်တွေကို ဝိုင်းကူကောက်ပေးလိုက်ရင်း တိုက်မိသည့်လူအား တောင်းပန်စကားဆိုလိုက်သည်။
"ရပါတယ် မတော်တဆဘဲ နောက်မဖြစ်အောင်သတိထားပေါ့"
ကျတော်ရှေ့ကလူကို အချိန်အတော်ကြာအထိကြည့်ခဲ့မိသည်..ကြယ်တာရာလိုမျက်ဝန်း ပန်းနှင်းဆီလိုရဲနေတဲ့ပန်းရောင်နှုတ်ခမ်းသားလေးတွေ ဖြောင့်စင်းနေတဲ့နှာတံနဲ့ ကော့စင်းတွေတဲ့မျက်တောင်လှလှလေးတွေ မျက်ခုံးထူထူလေးနဲ့ နက်ပြာရောင်ဆံပင်လေး..
ငေးမောမိနေတုန်း မျက်စိရှေ့ကိုရောက်လာတဲ့ခပ်သွယ်သွယ်ဖြူအုအုလက်လေးကြောင့် လွှင့်ပါသွားတဲ့ဝိညာဉ်ကိုမနည်းပြန်ဆွဲလိုက်ရသည်။
"ဒီမှာ ငါပြောနေတာကောမင်းကြားရဲ့လား ဘာလို့ကြည့်နေတာလဲ"
မျက်ခုံးလေးတွေတွန့်ချိုးလျက်ဆိုလာတဲ့ သက်တန့်ရောင်စဉ်လေးဟာ သိပ်ချစ်ဖို့ကောင်းသည်...လူတစ်ယောက်က ဘာကြောင့်ရယ်များအဲ့လောက်ချောရက်လှရက်ရတာလဲ?