နာရီက ည ၁၂ နာရီထိုးပြနေတော့ အခန်းထဲမှာ သူတစ် ယောက်တည်း ရှေ့လျှောက်လိုက်နောက်လျှောက်လိုက် စိတ်တွေလှုပ်ရှားနေတယ်။လက်ထဲမှာလည်းဖုန်းကို တကိုင်ကိုင်နဲ့။
"တင်းတောင်..."
ဖုန်းထဲကိုစာတိုလေးတစ်စောင်ဝင်လာတယ်။အချိန်းအချက်စာလေးရောက်လာတော့အဆင်သင့်ပြင်ထားတဲ့အညိုရောင်စင်းကြားအိတ်လေးကိုဆွဲကိုင်လိုက်တယ်။ဘာမှသိပ်မပါတဲ့အိတ်လေးကပေါ့ပေါ့ပါးပါးရယ်။
အခန်းအပြင်ထွက်ဖို့တံခါးကိုလက်နှစ်လုံးစာလောက် အသာလေးတွန်းဖွင့်ပြီးချောင်းကြည့်လိုက်တယ်။မျက်နှာချင်းဆိုင်အခန်းကမေမေထွက်လာတာတွေ့တော့ ရင်ဘတ်ကြီးတစ်ခုလုံးပြုတ်ကျသွားတော့မလိုပဲ။ခြေနှစ်လှမ်းလောက်အနောက်ပြန်ရောက်သွားတယ်။
တော်သေးတာပေါ့။အိပ်ချင်မူးတူးဖြစ်နေပုံရတဲ့ မေမေကသေးသေးလေးပွင့်နေတဲ့သူ့တံခါးကိုသတိမထားမိရှာဘူး။တစ်ရေးနိုးရေထသောက်တာပဲဖြစ်မယ်။အပေါ့အပါးလည်းသွားဦးမယ်ဆိုရင် အနည်းဆုံးတော့ ဆယ်မိနစ်လောက်ကြာမှာပဲ။
သူ့ဖုန်းထဲကိုလည်းစာတိုလေးတွေထပ်ရောက်လာပြန် တယ်။ဘာကြောင့်နောက်ကျနေရလဲဆိုတာကို နောက် မှပြန်ရှင်းပြရဦးမယ်။လောလောဆယ်တော့ ဒီကနေလူမမိအောင်ထွက်သွားဖို့ကိုဦးစားပေးလုပ်ရမယ်။
ဆယ်မိနစ်ကြာတော့ အောက်ထပ်ဆင်းသွားတဲ့မေမေပြန်လာတယ်။မေမေတို့အခန်းတံခါးကပြန်ပိတ်သွားတယ်။နောက်ထပ်ဆယ်စက္ကန့်လောက်စောင့်ကြည့်လိုက်တယ်။အိပ်မောကျသံတွေပြန်ထွက်လာတော့ ဒါဟာအချိန်ကောင်းပဲ။
ကြမ်းပြင်ပေါ်ချထားတဲ့လက်ဆွဲအိတ်လေးကိုပြန်ကိုင်လိုက်တယ်။တံခါးကိုအသံမမြည်အောင် ဖွင့်ပြီးထွက်ဖို့လုပ်တော့ မေမေတို့အခန်းတံခါးကပွင့်လာပြန်တယ်။
ဒီတစ်ခါတော့ လူပြောင်းသွားတယ်။ဖေဖေထလာတဲ့အလှည့်ပဲ။ဒီလင်မယားတွေနည်းနည်းလေးတော့တစ် မျိုးပဲ။အိမ်စဆောက်ကတည်းကအိပ်ခန်းထဲမှာဘာလို့ သန့်စင်ခန်းတွဲမဆောက်ထားလဲ။
နောက်တော့ဖေဖေအခန်းထဲပြန်ဝင်သွားတယ်။ပြန်ဝင်ဦးမှပဲ။ မဟုတ်ရင် ည ၁၂ နာရီလည်းခွဲတော့မယ်။ဒီတစ်ခါတော့ သူလွတ်လွတ်ကျွတ်ကျွတ်အခန်းထဲကထွက်လာနိုင်တယ်။လှေကားရောက်တော့ပြဿနာတက်ရတယ်။
YOU ARE READING
ဝမ်ခေါ်ရာလိုက်ခဲ့တဲ့ည
Randomမည်သည့် platform ပေါ်မှာမှ share ခြင်းမပြုရ။ Cover Photo Crd: