The Blue Side

40 3 0
                                    

• အပြာရောင်ဘက်ခြမ်း •

အပန်းဖြေခရီး ထွက်လို့ကောင်းတဲ့ ဂျနီဖာတောအုပ်ရဲ့ ဝင်ပေါက်မှာ ခရီးသည်တွေဟာ လမ်းညွှန်ဂိုက်ရဲ့ ရှင်းပြမှုတွေကို အာရုံစိုက် နားထောင်နေကြတယ်။ လူအယောက်နှစ်ဆယ်ကြားကနေ ၅နှစ်အရွယ် ကလေးမလေး ပြေးထွက်လာပြီး သူတို့စီးလာခဲ့တဲ့ ဘတ်စ် ကားကြီးပေါ် ပြေးတက်သွားတာကို အနီးနားက ရဲအရာရှိတစ်ယောက်ကလွဲ ဘယ်သူမှ မမြင်လိုက်ဘူး။ ကားပေါ်ရောက်တော့ ကလေးမလေး လက်ထဲမှာ ညစ်လိုက်ရင် အသံထွက်တတ်တဲ့ ဘဲအရုပ်ကလေး ကိုင်ထားတယ် ၊ မပီကလာပီကလာနဲ့ သူ့အရုပ်ကျန်ခဲ့လို့ လာတက်ယူတာလို့ ရဲအရာရှိကြီးကို ရှင်းပြတယ်။ နောက်ပြီးတော့ ကားပေါ်မှာ အိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက်ကို ညွှန်ပြတယ်။ ကလေးမလေးက အခုကျ ရဲအရာရှိကြီးပါလို့ အိပ်ပျော်နေတဲ့ ကောင်လေးအနား သွားရဲတာ ၊ ရဲအရာရှိကြီးဟာ အိပ်ပျော်နေတဲ့ကောင်လေးကို ၈စက္ကန့်လောက် မျက်တောင်မခပ်တမ်း ရပ်ကြည့်တယ် ၊ ဘေးနားမှာ ကျုံ့ကျုံ့လေး ရပ်နေတဲ့ ကလေးမလေးက အဲ့ဒီကောင်လေးကြောင့် ရဲအရာရှိကြီး စိတ်တိုနေတယ်ထင်တဲ့ ကြောက်စိတ်နဲ့ ဘဲအရုပ်လေးကို သွားနှိတ်မိတော့ ကောင်လေးရဲ့ မျက်ဝန်းပြာတွေ ဖွင့်လာတယ် ။

ဒီတောရဲ့ ထူးခြားချက်ဟာ ညနေနေဝင်ချိန်ဆို အပြာရောင် လွှမ်းမိုးသွားတာပဲ ။ အစိမ်းရောင် သစ်တောကြီးကို အပြာရောင် ဖျော့ဖျော့တွေ လွှမ်းမိုးလိုက်တဲ့ မြင်ကွင်းဟာ ရင်ထဲမှာ သိမ်းထားဖို့ကောင်းတဲ့ အမှတ်တရတစ်ခုလို့ ပြောလို့ရတယ်။ ဘာလို့ အပြာရောင်သမ်းလဲဆိုတာကို လမ်းညွှန်ဂိုက် ကောင်မလေးဟာ ဒီသစ်တောဟာ လွန်ခဲ့တဲ့ (၅)နှစ်တုံးက သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုစခန်း ဖြစ်ခဲ့ပြီး မတော်တဆ ပေါက်ကွဲမှုကြောင့် သူတို့စမ်းသပ်ချက်တွေ ဒီတောထဲမှာလွှင့်စင်ကုန်တာဖြစ်တယ်လို့ ရှင်းပြတယ် ။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ပညာရှင်ပြောချက်အရ ဒီစမ်းသပ်ချက်ဟာ လူတွေကို အန္တရာယ် မဖြစ်စေနိုင်ပေမယ့် အခုလို အပူချိန်မပြင်းတဲ့ နေဝင်ချိန် အလင်းတန်းတွေဟာ စမ်းသပ်ချက် အမှုန်တွေနဲ့ ထိတွေ့ပြီး အပြာရောင် ပြောင်းကုန်တာ ဖြစ်တယ်။

You've reached the end of published parts.

⏰ Last updated: Jan 28 ⏰

Add this story to your Library to get notified about new parts!

The Blue Side || One ShotWhere stories live. Discover now