လမ်းမကြီးဘေးကကားလေးထဲကလူနှစ်ဦးဟာ အချိန်တစ်ခုထိဖက်ထားကြပြီး ရင်ခွင်ထဲကကောင်လေးကလဲဘယ်လောက်ထိတောင်ငိုရှိုက်နေလဲမသိ တစ်ဖက်ကောင်လေးကအိကျႌရင်ဘက်တစ်ခုလုံးဆိုရွှဲကုန်တော့သည်။
အသက် သတိပြန်ထားမိတဲ့အချိန် ကမ်ဘာအိကျႌအဖြူဟာ အသက်မျက်ရည်တွေကအကွက်လိုက်ဖြစ်နေပြီ ကမ်ဘာဖက်ထားရာမှ အသက်ဖြေးဖြေးချင်းရုန်းလိုက်တော့ ကမ်ဘာကလဲ ဖြေလျှော့ပေးပြီး မျက်နှာနှစ်ခုဟာ သိပ်မကွာတဲ့အကွာအဝေးနဲ့ အသက်ကိုသေချာကြည့်နေလေသည်။
"ငိုလို့ဝပြီလား နောက်ဆုံးအနေနဲ့ဝအောင်ငိုပါ ကျုပ်က အသက္ကို နောက်ခါဘယ်တော့မှမငိုခိုင်းတော့ဘူး ကျုပ်အဲ့မျက်ရည်တွေကိုမကြိုက်ဘူး"
ကမ်ဘာကစကားတွေပြောရင်း အသက်မျက်ရည်တွေကိုသုတ်ပေးနေလေသည်။ အသက်ကမ်ဘာကိုရွေးချယ်မိတာ မမှားဘူးဆိုတာသိပါတယ် သူ့မေတ္တာတွေကိုအသက်အပြည့်အဝခံစားမိတယ်။
'မင်းမေတ္တာတွေက တစ်နေ့တော့ ငါ့နှလုံးသားတွေကိုအနိုင်ယူနိုင်မှာပါ ကမ်ဘာရယ်
ထိုစကားကိုစိတ်ထဲကပဲရေရွတ်လိုက်ရင်း အသက်သူ့နှခမ်းတွေကိုစတင်နမ်းရှိုက်လိုက်တော့ သူဆီကတုန့်ပြန်အနမ်းများနဲ့ အသက်တို့ရဲ့ အနမ်းခရီးဟာ အချိန်တစ်ခုထိကြာမှ နှစ်ယောက်သားရပ်တန့်သွားတော့တယ်။
"မှန်ပိတ်ပြီး ခနလောက်ပြန်အိပ်လိုက်အုံး ရောက်ဖို့နည်းနည်းလိုသေးတယ် ရောက်ရင်နှိုးမယ်"
"မင်းယော ကားမောင်းရတာမပင်ပန်းဘူးလား"
"ခင်ဗျားမျက်ရည်တွေကိုမြင်ရတာပိုပင်ပန်းတာကြောင့် နောက်ဘယ်တော့မှမငိုနဲ့ ကျုပ်မကြိုက်ဘူး"
"အင်း......"
အသက်ခေါင်းငြိမ့်ပြကာ သေချာပြန်ထိုင်လိုက်ပြီး ကျောမှီကာ မျက်လုံးများမှိတ်ထားလိုက်သည်။
ကမ်ဘာအသက်ခေါင်းလေးကိုပွတ်ကာ ကားမှန်ကိုပြန်တင်ပြီး ကားကိုပြန်လည်လမ်းမကြီးပေါ်တင်ကာ လိုရာကိုမောင်းလာလိုက်တယ်။
ကားထွက်တော့ အသက်မျက်လုံးလေးဖွင့်ကာ ကမ်ဘာကိုကြည့်လိုက်တော့ ကမ်ဘာကလဲလှည့်အကြည့်နဲ့ နှစ်ယောက်လုံးအကြည့်ချင်းဆုံကာ ကမ်ဘာကအရင်စပြီးပြုံးလေသည်။
YOU ARE READING
bodyguard and baby boss
Action18+စကားလုံးတွေအတိတကျဖော်ပြထား၍အသက်ပြည့်ပြီးသူများသာဖက်ရှုပေးကြပါ ဖက်ချင်တယ်ဆိုလဲဖက်လို့ရပါတယ် လိင်အသားပေးစိတ်ကူးယဉ်ဇတ်လမ်းမို့အတုယူစရာဘားမှမရှိပါဘူး