ထယ်ရယ် ကုမ္မဏီအောက်တွင် ကော်ဖီဆင်းဝယ်ရင်း ကျေးဇူးရှင် စီအီးအိုကြီးအတွက်ပါ တစ်ခါတည်းဝယ်လာလိုက်သည်။
"အားရိုး ငါတို့ထယ်ရယ်က အလိုက်သိလိုက်တာ ဟီးဟီး"
ရုံးခန်းထဲရောက်တဲ့အခါ iPad တစ်လုံးနဲ့အထာကျနေခဲ့တဲ့ မက်သရူးက ထိုင်ရာကထလာပြီး တဟီးဟီးနှင့် ကော်ဖီဘူးကိုကောက်ယူသည်။ ထယ်ရယ် စားပွဲပေါ်က ရစ်ခီရှန့်မျက်နှာနဲ့ magazine စာအုပ်ကိုဆွဲလှန်ကြည့်မိတော့သည်။
"အာ..အဲ့တာ ဒီလမှထွက်ထားတဲ့အသစ်လေ။ လိုချင်တစ်အုပ်ယူသွား"
"နေပါ ရှိတယ်အိမ်မှာ"
"ငါကိုယ်က မှားတာပါ"
ထယ်ရယ်က magazine ကို တစ်ရွက်ချင်းစီလှန်ပြီး ကော်ဖီကိုစိမ်ပြေနပြေသောက်နေခဲ့၏။
"ဒီနေ့ ရစ်ခီ့နားရက်ပေါ့"
"အင်း.. ဟုတ်တယ်"
တစ်ခွန်းမေးတစ်ခွန်းဖြေနေသည့်အခြေအနေကိုသဘောမကျစွာ မက်သရူးက စကားထပ်မဆိုတော့ဘဲ သူ့ဟာသူသာ အာရုံစိုက်နေတော့သည်။
ထယ်ရယ်က စာအုပ်ကိုပိတ်လိုက်ကာ အလိုမကျသည့်ပုံဖြင့်...
"ဘာလို့ မီဒီယာတွေက ideal type ကို အင်တာမဗျူးကြတာလဲ။ ငါတစ်ခုပဲတွေ့ဖူးတယ်"
"ကိုယ်တော်ချောက မဖြေဘူးလေ။ မေးလိုက်ရင် ခပ်ပြုံးပြုံးနဲ့ ကျော်ချသွားတာချည်းပဲ"
အမှန်ပင် ထယ်ရယ် ideal type နှင့် ပက်သက်လို့ interview တစ်ခုသာတွေ့ခဲ့ဖူးသည်။ တွေ့မိခဲ့သည့်နေရာကလည်း ရစ်ခီ့အိမ်မှာ..
အများစုကတော့ ရစ်ခီရှန့်ရဲ့ ရုပ်ရည်၊ အရည်အချင်း၊ အသံ၊ အရပ်...စသဖြင့် ကောင်းခြင်းအဖြာဖြာကို ချဲ့ကားရေးထားသည့် ခေါင်းစဉ်တွေပေမဲ့ ထယ်ရယ်စိတ်မဝင်စား။ ရစ်ခီချောတာ သူသိနေတာပဲလေ..။
ထယ်ရယ့်ရဲ့ စိတ်အာရုံကိုဖမ်းစားသွားတဲ့ခေါင်းစဉ်က *ရစ်ခီရှန်ရဲ့ ideal type* ဆိုတာပင်။ မြင်မြင်ချင်းတွေးမိတာက....
ဘုရားရေ... တစ်မိုးအောင်တစ်ယောက်ရစ်ခီရှန်က ideal type ရှိသေးတယ်..?
ခပ်မြန်မြန်ပဲ ဝင်ကြည့်မိတော့ ပထမဆုံး ချောမောပြီး ခပ်ဆိုးဆိုးကောင်လေးပုံနဲ့ ရစ်ခီ့ကိုအရင်မြင်ရ၏။