Daddy 24

1.8K 134 34
                                    


"ကလေးလေး နိုးပြီလား"

"ကျေးဇူးပြုပြီးဒီနေ့ကျွန်တော်နဲ့ခြောက်ပေအကွာမှာနေပေးပါ Captain Gemini Norawit"

အိပ်ခန်းတံခါးဝကထွက်ပေါ်လာတဲ့အသံကို Fourth က လေသံယဲ့ယဲ့လေးနဲ့တုန့်ပြန်လိုက်တော့ လက်ထဲကိုင်လာတဲ့စွတ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီး ကုတင်‌ပေါ်ကိုတင်ပါးလွှဲဝင်ထိုင်လာတဲ့ Daddy........

Fourth ပုခုံးစွန်းအထိလုံအောင်ခြုံထားတဲ့စောင်ကို လည်တိုင်အစပ်ထိရောက်အောင်ဆွဲတင်လိုက်ပြီးကျောခိုင်းပစ်လိုက်သည်......
လူကမာရသွန်ပြေးထားရလိုမောပန်းနွမ်းလျနေသည်မှာ လှုပ်ပင်မလှုပ်နိုင်တော့.......

Fourth ဒီနေ့တော့ Captain Gemini Norawit ကြီးကိုအမှန်အကန်စိတ်ကောက်ပါမည်.......

ပြောတော့ဖြင့် "မြတ်နိုးလွန်းလို့ မထိရက်လွန်းလို့" ဆိုပြီး အခုတော့ထိရက်လွန်းအားကြီးလို့ Fourth မှာ ဟိုဘက်ဒီဘက်လှည့်တာတောင် အင်ဂျင်ကျနေတဲ့ထော်လာဂျီလို အသံပေါင်းစုံထွက်ပြီး တစ်နာရီလောက်အချိန်ယူနေရသည်.......

တစ်ကိုယ်လုံးညောင်းချိ ကျိန်းဖိန်းကာ အားမရှိသလိုနုံးနေပြီး လက်ညှိုးတောင်ဖြောင့်အောင်မထောင်ချင်......

ကျောရိုးတစ်လျှောက်အောင့်မြတ်နေ‌ပြီးတော့ ချယ်ရီပွင့်ဖတ်လေးတွေဆို အထိမခံနိုင်အောင်ကို စပ်ဖျင်းလို့နေလေသည်.....
ရင်ဘက် ဝမ်းဗိုက် ပေါင်တံနဲ့ခြေသလုံးတွေမှာ အနမ်းရာတွေက လက်ညှိုးထိုးလို့မလွှဲ.…..

ဒီပုံနဲ့ ဘယ်လိုကမ်းခြေဆင်းမလဲ......
ရေကစားချင်ပါတယ်ဆို......

တကယ်ပါပဲ..... Captain Gemini တို့က သူ့အားကြီးနဲ့လူကိုအရမ်း အနိုင်ကျင့်တာပဲ....

"Daddy ခရုဆန်ပြုတ်ယူလာတယ်
ကလေးကြိုက်တယ်မလား.....နဲနဲလေးထစားလိုက်နော် ပြီးရင်ဆေးသောက်ရမယ်လေ"

".........."

"Daddy တောင်းပန်ပါတယ် နောက်ဆိုအဲ့လိုအကြမ်းပတမ်းမလုပ်တော့ဘူးလေ......နော်
ဆန်ပြုတ်လေးတော့ထစားပါအုံး"

Fourth ဆံပင်တွေကိုသပ်တင်ပေးရင်းတိုးတိုးဖွဖွလေသံလေးနဲ့ချော့မော့လာလေသည်......
အခုကျတော့ သူမဟုတ်တဲ့အတိုင်း.....
မျက်နှာနှစ်ခုနဲ့ Daddy.....

Daddy (Completed)Where stories live. Discover now