Part 1

578 13 0
                                    

'ဒုတိယ လူ´
Part (1)


အချိန်အားဖြင့် မနက် ၆နာရီကျော်...
မိုးလင်းနေပြီဖြစ်သော်လည်း ဆောင်းရာသီမနက်ခင်းမို့ နေရောင်မမြင်ရသေးဘဲ..မြူငွေ့တို့ဖြင့် ဖုံးလွှမ်းကာ..ပတ်ဝန်းကျင် တစ်ခုလုံး အုံ့မှိုင်းလျက်ရှိသည်..

မိုးစင်စင်မလင်းသေးပေမယ့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆောက်အအုံတွင်းမှာတော့ လူအများပြည့်လျှံလျက်ရှိသည်..
အမိမြန်မာပြည်မှထွက်ခွာတော့မည့်လူတချို့အား ဆွေမျိုးသားချင်း အသိများ..ချစ်ရသူများက လိုက်လံပို့ဆောင်နှုတ်ဆက်နေကြသူတွေ
ဟိုတစ်စု ဒီတစ်စု....တချို့မှာတော့ တစ်ဦးတည်း... လိုက်လံနှုတ်ဆက်သူမပါဘဲဖြင့်
အထီးကျန်စွာ အမိမြေကို ကျောခိုင်းလျက်..
ထိုသူများထဲမှာ ဝမ်ရိပေါ်လည်း အပါအဝင်ပင်...

၇နာရီမှာတော့ ရန်ကုန်~ကိုရီယား အင်ချွန်း သို့ သွားမည့် လေယာဉ်ကြီးစထွက်ကာ... ဝမ်ရိပေါ်သည်လည်း ထိုလေယာဉ်၏ ရိုးရိုးတန်း(Economy)မှလိုက်ပါစီးနင်း
လာခဲ့သည်..
ကျန်းချန်က Business Classကသွားဖို့အတန်တန်  ပြောသော်လည်း သူ့လိုအခြေနေအဆင့်တန်းနှင့်
Ecinomyသာ သင့်တော်တာမို့ ငြင်းဆန်ခဲ့သည်..

ဝမ်ရိပေါ်ထိုင်ရသော နေရာသည် ပြတင်းပေါက်ဘေး ဖြစ်တာကြောင့် အပြင်ကို
ငေးကြည့်နေရင်း မေ့ထားချင်ခဲ့သော
တစ်စုံတစ်ယောက်အကြောင်းက ခေါင်းထဲသို့ ဝင်လာခဲ့လေသည်....
ထိုသူမှာတော့ 'မောင်..´ပင်..
'မောင်´ဟု စတွေ့ထဲက ရင်ထဲမှာ ကင်ပွန်းတပ်ပေးခဲ့ပေမယ့် အပြင်မှာတော့ ထိုလူသားလေးအား တခါးမှ မခေါ်ဖူးခဲ့ပေ..
အတွေးတို့က လွန်ခဲ့တဲ့ တစ်နှစ်ကျော်ဆီသို့...

ဝမ်ရိပေါ်မိခင်က သူဆယ်တန်း လောက်မှာ ဆုံးသွားပြီး..သိပ်မကြာခင်မှာဘဲ ဖခင်က နောင်အိမ်ထောင်ပြုသွားပြီး သူ့အားတစ်ယောက်ထဲ ပစ်ထားခဲ့တာကြောင့်
ဝမ်ရိပေါ်မှာ အသက်၁၆နှစ်လောက်ထဲက
ကိုယ့်အားကိုယ်ကိုးကာ အလုပ်တစ်ဖက်ဖြင့်
ကျောင်းဆက်တက်ခဲ့ရလေသည်..
အလုပ်တစ်ဖက်နဲ့မို့ စာကြည့်ချိန်သိပ်မရပေမယ့် ဉာဏ်ကောင်းတာကြောင့် ဆယ်တန်းကို ဂုဏ်ထူး၂လုံးဖြင့်နှစ်ချင်းပေါက်အောက်မြင်ခဲ့လေသည်..ထို့နောက် တက္ကသိုလ်ကို အဝေးသင်တက်ကာ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့လေသည်...ပညာအရည်ချင်းက
ဆယ်တန်းအောင်ဖြစ်လို့ အောက်ခြေကနေ စဝင်ခဲ့ရပေယ့် ဝမ်ရိပေါ်ရဲ့ ကြိုးစားမှုကြောင့်
သူတက္ကသိုလ်နောက်ဆုံးနှစ်အရောက်မှာ ..
သူဌေးရဲ့ အားကိုးရတဲ့ လူယုံတစ်ယောက်ဖြစ်လာလေသည်..

'ဒုတိယ လူ'Where stories live. Discover now