'ဒုတိယ လူ´
Part 3Private ဆေးရုံတစ်ခု၏ VIPအခန်းတစ်ခုတွင်း၌...
ယနေ့မနက်ထုတ် သတင်းစာကို ထိုင်ဖတ်ရင်း
ရှိုက်ကြီးတငင် ငိုယိုနေသော မိန်းမငယ်တစ်ဦ..ထိုမိန်းခလေး၏ လက်တို့မှာလည်း ဆေးပိုက်များချိတ်လျက်...
ဆေးပြင်းတွေကြောင့် ဆံပင်တစ်ပင်မျှ မရှိတော့သော သူမ၏ ဦးခေါင်းထက်ဝယ် ချစ်ရသူ လက်ဆောင်ပေးထားသော အပြာနုရောင် ခေါင်းစွတ်လေး ဆောင်းလျက်...'လူုစီ....´
သူမ နာမည်ခေါ်ကာ အခန်းတံခါးကို တွန်းဖွင့်ရင်း
အပြေးဝင်လာသော သူမ ချစ်ရသူ..'အဟင့်...ရှောင်း...´
ချစ်ရသူကို မြင်ရတော့ သူမရင်ထဲ ပို နာကျင်မိသည်..သူမအချစ်ရဆုံး...သူမကို အချစ်ဆုံး ထိုအမျိုးသားက ခုတော့ တခြားသူ အပိုင်ဖြစ်သွားခဲ့ပြီလေ...
သူမလို သေနာနီး ရောဂါသည်တစ်ယောက်က
အရာရာ ပြည့်စုံလွန်းသည့် ထိုအမျိုးသားလေးနဲ့
ဘယ်လိုမှ မဖြစ်နိုင်ဖူးဆိုတဲ့ အမှန်တရားကို
သူမ လက်ခံဖို့ အချိန်ရောက်ပြီ...'ဆရာဝန်ကြီးက ဖုန်းဆက်ပြောတယ်..
မနက်ဆေးရော..မနက်စာရော ဘာမှ မစားဖူးဆို..ဘာလို့ ဆိုးရတာလဲ လူစီရာ?´'အဟင့်...ရှောင်း ..နင် လက်ထပ်တာတောင်
ငါ့ကို အသိမပေးဖူးနော်..ငါသတင်းစာထဲ ပါမှ သိရတယ်...နင့်အမျိုးသားက ချောတယ်နော်...´'လူစီ...ငါတောင်းပန်ပါတယ်..
ငါနင့်ကိုကြိုမပြောမိတာ တောင်းပန်ပါတယ်ဟာ..
ငါ့ကို စိတ်ကြိုက်အပြစ်ပေးပါ...အဲ့လိုကြီး ဘားမှမဖြစ်သလို နေမနေပါနဲ့ဟာ...´ကျောက်လူစီ ဆိုသည့် မိန်းခလေးက ရှောင်းကျန့် ဘဝတွက်တော့ အတွယ်တာရဆုံး
မိန်ခလေးတစ်ဦးပင်...
ငယ်ငယ်လေးထဲက မိဘမဲ့ဖြစ်နေရှာတဲ့ သူမကို
သူမအဒေါ်အပျိုကြီးက ခေါ်ယူမွေးစားခဲ့ပေမယ့်
သူမ၁၂နှစ်လောက်မှာ အဒေါ်ဖြစ်သူကပါ
သေဆုံးသွားတာမို့တစ်ကောင်ကြွက်ဖြစ်နေရှာတဲ့ သူမကို ရှောင်းကျန့်ကပင် သူ့ပါပါးထံ အကူညီတောင်းကာ စောင့်ရှောက်ပေးခဲ့သည်။လူစီက ဟိုငယ်ငယ်လေးထဲက ခနခနနေမကောင်းဖြစ်ကာ ချူချာတတ်သူမို့
ရှောင်းကျန့်ကပင် အမြဲအရိပ်တကြည့်ကြည့်ဖြင့်
ဂရုစိုက်ပေးခဲ့ရသည်။
ကံဆိုးရှာတဲ့ ကျောက်လူစီခမျာ.. သိပ်မကြာသေးခင်ကမှပင် သူမမှာ ဦးနှောက်ကင်ဆာဖြစ်နေမှန်း သိခဲ့ရကာ..
ရှောင်းကျန့်ကြိုးစားကုသပေမယ့်လဲ အသိနောက်ကျသွားတာမို့ သူမသေဆုံးမယ့်
ရက်ကိုသာ ဆေးရုံခန်းလေးထဲကပင် ရေတွက်နေရရှာသူဖြစ်သည်။
YOU ARE READING
'ဒုတိယ လူ'
FanfictionZhanyi.. 'ဒုတိယ လူ' {Intro}Zhanyi Short fic ယနေ့ခေတ်လူသားတို့၏ ချစ်ခြင်းမေတ္တာ ရပ်ဝန်းတွင်'ဒုတိယ လူ'ဟူသော အသုံးအနှုန်းမှာ အတော်လေးကို အသုံးများလာကြသည်... 'ဒုတိယ လူ'ဟူသော နာမ်စားတွင် အဓိပ္ပါယ်အမျိုးမျိုးရှိလေသည်.. 'ဒုတိယ လူ' ဟူသည်..ပ...