1

295 11 18
                                    

Unicode

သူကြီး ဗျို့သူကြီးရှိလား "

"ဟင်တက်ပု အိမ်မှာအဘမရှိဘူးတော့ ဘာကိစ္စတုံးပြောခဲ့ အဘကဟိုဘက်ရွာ ကကြီးတော်ရင် နေမကောင်းလို့ သတင်းမေးသွားတယ်"
"မနက်ဖြန် နင်တို့အိမ်ရေနံကြီးလာသုပ်မယ်လို့ အဲ့တာပြောမလို့ပါ "
"အေးအေး"သာပြောပြီးထွေးငယ်အိမ်ထဲဝင်လာခဲ့သည်

ပြောရရင်ထွေးငယ်က သူကြီးဦးလှသောင်ရဲ့သမီးထွေး ထွန်တုံးရွာရဲ့ ပန်းတောင်ကိုင်အပျိုခေါင်းဆိုလဲမမှား သွက်လပ်သလိုရဲရဲတင်းတင်းလဲရှိလှတဲ့မိန်းမပျိုလေး

"အမေရေ မနက်ဖြန်တက်ပုတို့ ရေနံကြီးသုပ်လာမတဲ့တော် နေ့လည်စာအသားဟင်းလေးပြင်ပေးရမှာပါ့ ဟင်းစားရှိလား"

"ရှိတယ် မီးငယ်ရေ ဒါနဲ့ ညည်း ညနေကျ ဟိုဘက်ရွာက ဒေါ်လှတင်ဆီ အကြွေးလေးသွားတောင်းပေးအုံး "
"ဟုတ်အမေ အခုနွားစားသွားထည့်လိုက်အုံးမယ် မေမေလဲထမင်းပြင်ထားခနနေအကိုကြီးဆီသွားပို့မှာမို့လား"

ထွေးငယ်တို့ထွန်တုံးရွာလေးက စပါးနဲ့ကိုင်းအဓိကစိုက်ကျတယ် ခရမ်းချဥ်အများဆုံးပဲ
မြို့နဲ့အလှမ်းဝေးသလိုဖွံဖြိုးမှုကလဲသိပ်မရှိပေ မြို့ပြနဲ့စာရင်အလှမ်းကွာသပါ့ ရေနံကြီးသုပ်တာမျိူးဆိုနေ့လည်နေကုန်ဖြစ်တာမို့ နေ့လည်စာကျွေးရတယ် ဒါလဲရွာရဲ့ဓလေ့ပါပဲ

"အမေရေ ကျုပ်ကိုကြီးဆီထမင်းသွားပို့မလို့ဒီနေ့ရွာရှေ့ပိုင်းက အကွက်ဆီသွားတာမို့လား"

"အေးဟုတ်တယ် ညည်းချက်ချင်းပြန်လာနော် ညနေအကြွေးသွားတောင်းပေးဖို့ရှိသေးတယ်"
"ဟုတ်ပါပြီအမေရဲ့ ဒါဖြင့်ကျုပ်သွားပြီ"

ထွေးငယ်တစ်ယောက်ရွာရှေ့ပိုင်းကိုထွက်လာခဲ့တယ် နေပူပူမှာ ပါးကွက်ကြားလေးနဲ့ ထမင်းတောင်းလေးရွက် လောက်လေးခွထည့်ထားတဲ့လွယ်အိပ်လေးလွယ်လို့ ရွာသူကြီးရဲ့သမီးထွေးလေး လှတာလဲလှသလို လက်သန်လဲသိပ်ပြောင် သူ့ဖေသူကြီးရဲ့သိုင်းပညာတွေအမွေရထားသကိုး ဘယ်သွားသွား လောက်လေးခွအိပ်လေးအမြဲပါ အမြင်မတော်တာ ရိသဲ့သဲ့လုပ်လို့ကတော့ ထွေးငယ်
လောက်လေးခွစာ မိသွားရစမြဲ

ငွေသော်တာရောင်ခြည်Where stories live. Discover now