2

123 8 3
                                    

Unicode

တောရွာရဲ့နံနတ်ခင်းက ဆွမ်းတော်ဗျို့
ဆိုတဲ့နှုတ်ဆက်သံနဲ့အတူနိုးထလာခဲ့ မနက်အစောထဲက ချို့မေမေဟင်းထချက်နေပြီ ရွာဘက်တွေမှာ မနက်လေးနာရီထကျတာကပုံမှန်ပင် ယာထဲသွားရမဲ့သူသွားကျ ကျောင်းသွားမဲ့ကလေးတွေသွားကျနဲ့  အလုပ်ကိုယ်စီပါလေ
"မေမေ ဒီမနက် ဆွမ်းချိုင့်သွားပို့မှာမို့လား ချိုမလိုက်တော့ဘူးနော် ညနေကျ အထွေးကရွာဦးကျောင်းလိုက်ပို့ပေးမယ်တဲ့"

"သဘောတော် သဘောကျုပ်နဲ့ညည်းဦးလေးနဲ့ပဲသွားလိုက်မှာပါ့ ဝက်စာတွေစင်းထားတယ် ကျွေးလိုက်အုံးနော် "

"ဟုတ်"လို့သာပြန်ဖြေလိုက်ပေမဲ့ ချိုတကယ်အခက်တွေ့ပါတယ်လေ ဦးလေးကဝက်မကြီး၁ကောင်ထဲရှိသာပေမဲ့ တစ်ခါမှမကျွေးဖူးသူမို့ အခက်တွေ့ရတယ်ပြီ မေမေကတော့ဝက်စာထည့်ကျွေးတဲ့အင်တုံထဲ ထည့်ကျွေးရုံပဲတဲ့ ပြီးတော့ဝက်မကြီးကကိုယ်ဝန်နဲ့မို့ အစားသေချာစားအောင်ခေါ်ကျွေးရဦးမယ် ဟင်းးး
ချိုသက်ပြင်းခပ်ယဲ့ယဲ့သာချနိုင်တော့တယ်

ဝက်စာကနည်းနည်းနေမြင့်မှကျွေးရမှာမို့ချိုလဲအိမ်မှာလုပ်စရာရှိတာလုပ်နေလိုက်သည်
ချို့ဆေးအိပ်တွေလဲ ပြန်စီရအုံးမှာမို့ပြန်စီနှင့် အားလုံးလုပ်ပြီးတော့ ဝက်စာကျွေးချိန်တောင်ရောက်လာပြီ

ဝက်စာကျွေးဖို့ဝက်စာပုံးလေးယူပြီး ဝက်ခြံကိုထွက်လာတော့ ထင်တဲ့အတိုင်းပဲ ချိုဝက်ခြံထဲမဝင်ရဲပါ ဝက်ကြီးကနည်းတဲ့အကောင်မှမဟုတ်တာ အခုထိဝက်ခြံထဲမဝင်နိုင်သေး ခြံ
ဘေးမှာတင်ခြံထဲကဝက်မကလဲချို့ကိုကြည့်ချိုကလဲဝက်မကြီးကြည့်နဲ့ အချိန်ကုန်နေတာပင် ဒါပေမဲ့ကျွေးမှဖြစ်မှာမို့အရဲစွန့်ပြီး ခြံထဲဝင်မယ်အလုပ် အထွေးရဲ့ချို လို့ခေါ်တဲ့အသံစူးစူး တကယ်ပဲချိုကယ်တင်ရှင်ရသွားတယ် ချို့အထွေးကယ်လို့ပေါ့

အမေက ချိုတစ်ယောက်ထဲကျန်ခဲ့မှာမို့ သွားလိုက်ပါအုံးပြောလို့ ထွေးငယ်လာခဲ့တော့ ဝက်ခြံနားမှာတောင့်တောင့်ကလေးရပ်နေတဲ့ချို့ကိုတွေ့သည်

"ချို ဝက်စာပုံးကြီးကိုင်ပြီးဘာလုပ်နေတာလဲ"

"ဝက်စာကျွေးမလို့လေ အထွေးရဲ့ ဟို...
ဒါပေမဲ့လေ ချိုကြောက်လို့ရပ်နေတာ"

You've reached the end of published parts.

⏰ Last updated: Oct 25, 2023 ⏰

Add this story to your Library to get notified about new parts!

ငွေသော်တာရောင်ခြည်Where stories live. Discover now