part 1

180 14 1
                                    

"ဆုံလေရက်နဲ့ လွဲလေခြင်းလို့ ဆိုရအောင်လည်း မင်းကနဂိုကတည်းက ကိုယ့်အတွက် ဟုတ်မနေခဲ့။ "

နိဂုံးကို ရေးပြီး ပြီးဆုံးသည့်ရက်ကို Date တပ်လိုက်သည်။ လက်မှ နာရီကြည့်မိတော့ ၁၁ခွဲပြီ။ ပြတင်းတံခါးဘေးက စားပွဲမှာတင်ပဲ စာရေးနေတာမလို့ ညလေသုန်သုန်က လူကို လာတိုးဝှေ့ကျီစယ်နေသည်။ အနည်းငယ်ကျချင်နေသည့် မျက်မှန်ကိုင်းကို ညာလက်ဖြင့် အသာမတင်ရင်း မိမိရေးခဲ့သည့် ဇာတ်လမ်းထဲ တဖန်စီးမျောဖို့ ပြင်နေတုန်း....။

"လူကို ခေါ်ထားပြီး တမင်ပလစ်ထားတာတော့ မဟုတ်ဘူးမလား..."

မေးခွန်းနှင့်အတူ  ခန္ဓာကိုယ်ကို မိမိအနောက်မှနေ၍ ရစ်တွယ်လာတဲ့ ရှည်မျောတဲ့ လက်နှစ်ဖက်ကြောင့် ပစ္စပ္ပုန်ကာလသို့ ပြန်ရောက်ရှိလာသည်။
ပခုံးပေါ်မေးတင်ကာ မေးနေရင်း အားမရသူရဲ့ နှုတ်ခမ်းများက မိမိလည်တိုင်ကျော့ကို ဖိကာနမ်းရှုပ်လာတာကြောင့် စိတ်ထဲ သိမ့်ခနဲ ခံစားမိကာ ဟင်းခနဲ သက်ပြင်းချမိသည်။

"ဟင်လို့.... မေးနေတယ်လေ.."

သူမ ဘာဖြစ်ချင်နေတာပါလိမ့်။ ခေါ်လာသူမှာ မိမိဆိုပေမဲ့ မခေါ်ရင်လည်း သောင်းကျန်းတော့မည့်သူမို့လို့လေ ။

ခန္ဓာကိုယ်ကို သူမဘက်သို့ လှည့်၍

"ဆက်တီပေါ်မှာ မဟုတ်ရင် ကြမ်းပြင်မှာ အိပ်လို့ရတယ်.. လိုအပ်တဲ့ဟာကို ဗီဒိုထဲက ထုတ်ယူလိုက်တော့.. အမ စာရေးရအုံးမှာမလို့ လာ မနှောင့်ယှက်နဲ့..."

သူမ ဖက်ထားရာမှ ခွါလိုက်ကာ အလိုမကျစွာ မျက်ခုံးတွန့်လာပြီး

"အိပ်ယာရှိတာ ဘာလို့ ခွဲအိပ်ရမှာလဲ... သည်း ကြောက်တတ်တာ မသိဘူးလား.."

အေမီ မျက်မှန်အောက်ကနေ မျက်လုံးဝင့်ကြည့်ပြီး ပြောမည့်အချိန်မှာပဲ သူမက တရစပ် ဆိုလာသည်။

"ပြီးတော့ မီက သည်းကို ခေါ်လာတာလေ .. ဒီတိုင်း ပစ်ထားတော့မို့လားလို့..."

ခပ်ချွဲချွဲဆိုရင်း မိမိမျက်နှာပေါ် အုပ်မိုးကျလာသည့် ထိုကလေးမ၏ ပခုံးနှစ်ဖက်ကို အသာတွန်းရင်း

You've reached the end of published parts.

⏰ Last updated: Oct 22, 2023 ⏰

Add this story to your Library to get notified about new parts!

ဒီမိန်းကလေးကြောင့်Where stories live. Discover now