"Good moring niki!"
နံနက်ခင်းအနေနဲ့အမြဲတမ်းဒီအသံကိုပထမဉီးဆုံးကြားရတယ်။လှည့်မကြည့်လဲသိပါတယ်သေချာပေါက်ယန်ဂျောင်ဝန်းရဲ့အသံပဲ။မနက်ခင်းစောစောစီးစီးလာနှောင့်ယှက်နေတဲ့ကောင်ကိုမသိချင်ယောင်ဆောင်ပြီးအိပ်နေရမှာပေါ့ ကြားထဲကအိပ်ရာထချင်တဲ့စိတ်တောင်ပျောက်သွားပြီ။
"နီကီ ထလေမသိခြင်ထောင်ထောင်ပြီးမနေစမ်းပါနဲ့ ဘယ်လိုပဲဖြစ်ဖြစ်မင်းခြင်ထောင်ကလုံမှာလဲမဟုတ်ဘဲနဲ့"
လုံတာမလုံတာသူ့အပူပါတာကျနေတာပဲအလိုက်ကမ်းဆိုးမသိ လာနှောင့်ယှက်လာနေပြီးတော့မသိဘူးမထဘူးကွာ
"ဒီနေ့ဘာနေ့လဲသိလားနီကီ"
မသိဘူးကွာအိပ်ရမှာပဲသိတယ်
"မင်းမွေးနေ့လေ$ကောင်ရဲ့"
"အားးးးးးးးးးးးးးဟုတ်သားဒီနေ့ငါ့မွေးနေ့ပဲ"
လူကစိတ်မရှည်နိုင်တော့ကုတင်ပေါ်ကကောင်ကိုစောင့်ကန်ပစ်လိုက်တော့မှအလန့်တကြားထလားနဲ့ငနာကောင် ဒီလောက်လာနှိုးနေတာတောင်မထပဲပေတေနေတဲ့ကောင် လူကအကောင်းနဲ့လဲလာနှိုးရသေးတယ်
"ဂျောင်ဝန်းမြန်မြန်သွားရအောင်နောက်ကျနေဦးမယ်"
"ဘယ်ကိုလဲ"
"မင်းကလည်းအထူအပါးနားမလည်လိုက်တာပန်းခြံကိုပေါ့ကွ"
. . . .
ဒီကောင့်အကျင့်ကဘာမှန်းလဲမသိဘူးနှစ်တိုင်နီးပါးကိုယ့်မွေးနေ့ကိုယ်သတိမရဘူးငါသာမရှိရင်မင်းမွေးနေ့ဆိုတာကျင်းပဖူးမှာတောင်မဟုတ်ဘူး ခုနလည်းကိုယ်သတိပေးတာတောင်ပြန်ငေါက်သွားသေးတယ် အခုကျတော့လည်းပန်းခြံမှာယောင်လည်ယောင်လည်နဲ့ ငါးလွှတ်ဖို့ကိုပြာယာခတ်နေတာ ဒီကောင့်မှာလေအကျင့်တစ်ခုလဲရှိသေးတယ် ဘာလဲဆိုတော့မွေးနေံတိုင်းငါးလွှတ်တဲ့အကျင့် ငါးကလည်းသူများတွေလိုအသက်အရေအတွက်နဲ့မဟုတ်တစ်ကောင်တည်း
"ဟေးးးဂျောင်ဝန်းသွားရအောင်"
"ဒီတစ်ခေါက်ကောဘယ်လဲ"