.

6 0 0
                                    

မနက်မိုးလင်းထိအိပ်ပျော်ပျော်နေတာ နှစ်လပြည့်တော့မယ်
မိုးလင်းထိအိပ်ရင် ခေါင်းကိုက်တတ်တာသိရဲ့သားနဲ့ ဘာလို့နှိုးမပေးတော့တာလည်း
မနက်စာစားပြီးရင် မေမေမသိအောင်ခိုးသောက်ရမယ့် ကော်ဖီတွေလဖ္ဘက်ရည်တွေက ဘယ်သူဝယ်ပေးတော့မှာလည်း
ရေမချိုးလို့ ဆူမယ့်လူမရှိတော့ ရေလည်းမချိုးချင်တော့ဘူး ဆူဦးမှပေါ့
ဖုန်းပဲကြည့်နေလိုက်တာ မျက်မှန်တောင်တပ်ရတော့မယ် လာဆူဦးမှပေါ့ ဝယ်ပေးထားတဲ့စာအုပ်တွေကအကုန်ပြီးကုန်ပြီ ဘယ်သူ့ကိုထပ်ဝယ်ပေးခိုင်းရမှာလည်း
ကြက်သည်းမှလုစားရတယ်ဆိုပြီး ခုကျတစ်ယောက်တည်းမကုန်တော့ဘူး
ပြောတော့မီးနဲ့လိုက်နေမှာဆို
မီးကိုမျက်စောင်းထိုးရင်တောင်မကြိုက်ပါဘူးဆို
ခုကျဘာလို့ လူလိမ်လူညာတွေနဲ့ထားခဲ့တာလည်း
လွမ်းတယ် အများကြီးလွမ်းနေတာပါဆို ငိုလည်းငိုချင်တယ် မီးငိုလို့မရဘူးလို့လူတွေကပြောနေတာ ဖေဖေလာဆူပေးမှပေါ့ မီးမျက်လုံးနဲ့မီးငိုတဲ့ဟာကို လူတွေကအရမ်းဆိုးကြတာပဲ မီးကအဲ့လောက်တောင်မုန်းစရာကောင်းလားဟင် ဖေဖေကတော့ချစ်တယ်လို့ပြောမှရမယ်နော် အခုဖေဖေကောင်းကောင်းရှိနေတယ်မလား မီးတို့ထပ်ပိုကောင်းတဲ့နေရာမှာအမြဲနေရပါစေနော်

You've reached the end of published parts.

⏰ Last updated: Oct 22, 2023 ⏰

Add this story to your Library to get notified about new parts!

Miss YouWhere stories live. Discover now