အခန်း(၃)U/Z

8.7K 615 151
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

                           (၃)

"ဟျောင့် အေးရိပ်မောင် "

"ဘာလဲ..မိုးအုံ့မှိုင်း "

"ဘာလဲမလုပ်နဲ့...ငါအိပ်နေတယ်ဆိုတာမသိဘူးလား..အသံကိုအော်ကြီးဟစ်ကျယ်နဲ့ရှိခိုးနေတာ"

ထိုအခါအေးရိပ်မောင်တစ်ယောက် ထိုင်နေရာမှဇတ်ခနဲထကာ မိုးအုံ့မှိုင်းရှေ့သို့သွားရပ်လိုက်သည်။

"အဲ့တာဘာဖြစ်လဲ...ငါ့အိမ်မှာလည်းဒီလိုပဲရှိခိုးနေကြ"

"အဲ့တာမင်းအိမ်လေ..ဒါငါ့အိမ်...မတူဘူး..အမျှလေးဝေတာကို အော်ကြီးဟစ်ကျယ်နဲ့"

"နာကိုး,တောင်းရှစ်,သာဓု တစ်,ဟောလစ် အသင်္ချေတဲ့...တရားနာရင် ကိုးကမ္ဘာအပါယ်မလားဘူး...တရားတောင်းတဲ့ သူများကျ ရှစ်ကမ္ဘာအပါယ်မလားဘူး...အမျှဝေသံကြားလို့ သာဓုခေါ်တဲ့ သူများကျတော့ တစ်ကမ္ဘာအပါယ်မလားဘူးတဲ့....တရားဟောပုဂ္ဂိုလ်များ အသင်္ချေ အပါယ်မလားဘူးတဲ့ မိုးအုံ့မှိုင်းရဲ့...အမျှဝေသံများကြားရင်လေ သာဓု သာဓု သာဓုလို့ သုံးကြိမ်သုံးခါ ခေါ်ရတယ်"

တရားတွေလာချနေသော အေးရိပ်မောင်ကိုကြည့်ကာ မိုးအုံ့မှိုင်းစိတ်ပျက်မိသည်။

"မခေါ်ဘူးကွာ...အိပ်ရေးပျက်ရတဲ့ကြားထဲ"

"ဟာ...မင်းငရဲကြီးမယ်နော်....ငရဲမှာမင်းဂျိုးကပ်ပြီးအသားတွေပြာနှမ်း မဲတူး..နှုတ်ခမ်းတွေမဲသဲပြီး မီးသွေးခဲ...."

"ဟင်...တော်လိုက်တော့...မင်းတော်လိုက်တော့...ငါရစရာမရှိတော့ဘူးကွ"

အေးရိပ်မောင်ကတော့ နှုတ်ခမ်းကိုရွဲ့ပြကာ ဂရုမစိုက်ဘူးပုံစံလုပ်ပြသည်။

"ကျစ်...ပြန်အိပ်တာပဲကောင်းတယ်"

သူ့ရှေ့မှလှည့်ထွက်သွားသော မိုးအုံ့မှိုင်းသည်တံခါးကိုဆွဲဖွင့်ကာ အခန်းအတွင်းသို့ဝင်ပြီး ပြန်အိပ်စက်လိုက်တော့သည်။အေးရိပ်မောင်တစ်ယောက်လည်း ဘာမှတွေးမနေဘဲ ကျောင်းသွားဖို့အတွက်ပြင်ဆင်စရာရှိတာပြင်ဆင်နေတော့သည်။

တောဂေါ်လီနှင့်သူ၏ချစ်သက်လျာWhere stories live. Discover now