14

149 10 2
                                    

သုံးရက်မြှောက်‌နေ့မှာ ဆေးရုံဆင်းရတော့မှာမို့  ကူပေးချင်ပေမယ့်  အလုပ်ကမအား ၊ အခုလဲသီချင်းအသစ်တွက် အလုပ်ရှုပ်နေကာ အားလပ်ချိန်မရှိ ၊ ဒါတောင် မမက အိမ်အထိလိုက်လိုက်လာနေတာမို့ သူ့ကိုလဲအချိန်ပေးနေရသည် ကော်ဖီဆိုင်အတူတူထိုင်ပေးသည် ၊ အလုပ်ထဲမှာတောင် စာပြန်‌ပေးသည် ၊ ညဘက်တွေဆိုလဲ video callခေါ်ပီး စကားပြောပေးခဲ့သည် ဒီလောက်အချိန်ပေးတာတောင် သူကမတင်းတိန်နိုင်စွာ သူကအမြဲပြသနာရှာသည် ပီးရင်လဲသူသာအရင်ငိုသည်
အသက်ကြီးရင် ဆိုးလို့ရတယ်ဆိုပီး ရွေးချယ်မိတာမှားတာဘဲ ။

ဆေးရုံမသွားနိုင်ဘူးဆိုတော့လဲ အဆင်ပြေလားသိရအောင် ဖုန်းတော့ဆက်ကြည့်မှပါ

" ယောင်း  ၊ ဒီနေ့အဆင်ပြေရဲ့လား ”

" ပြေပါတယ် ၊ PD MIN က ကောင်လေးတစ်ယောက်လွှတ်ပေးထားတယ်လေ ”

" အင်း ၊ ကိုဒီနေ့  သီချင်းအသစ်တွက် ရိုက်ကူးရေးရှိနေလို့  မနက်ပိုင်းက ဘယ်လိုမှမအားဘူးဖြစ်နေတာကြောင့် မလာတော့ဘူး
ညကျရင်တော့ လာခဲ့မယ် ”

" အင်း ၊ ဘာစားချင်လဲ  ဘာချက်ပေးထားရမလဲ ”

ယောင်းက သတိပြန်လည်လာကတည်းက ၊ အခုလိုမျိုး ကျနော့်အပေါ်   သံသယဝင်စရာကောင်းလောက်အောင် ကောင်းပေးနေခဲ့သည် ။ စကားပြောလျှင်လဲ အရင်လို ဘုနဲ့ဘောက်မဟုတ်တော့ဘဲ
ချိုချိုသာသာလေးသာပြန်ပြောသည်
သူဘာလို့ပြောင်းလဲသွားလဲတော့ မသိ

ညကျရင်မေးကြည့်အုန်းမယ်

"  ကိုယ်စားစရာတွေဝယ်လာခဲ့မှာမို့  မချက်ထားနဲ့ ၊ မင်းသောက်မယ့်ဆေးတွေဘာတွေရှိရင် အချိန်မှန်သောက်နော် ”

" ဟုတ်ကဲ့ ”

" ဒါဆို ကိုဖုန်းချလိုက်တော့မယ်နော် ”

" ဟုတ် ”

ဖုန်းချမယ်ပြောပီး ချက်ချင်းဖုန်းမချမိ
သူ့အသံလေးက ကိုယ့်ကို လို‌အပ်နေတယ်လို့ ခံစားရ‌‌စေသောကြောင့် ၊ အသံလေးနဲ့ဖြစ်ဖြစ် အဖော်‌ပြုပေးချင်နေမိသည်  ။ ဒီအခြေနေကြီးကို ကိုယ်တိုင်လည်းနားမလည် သို့ပေမယ့် သူ့ကို အဖော်‌‌ပြုပေးချင်နေတာကတော့ စိတ်ရင်းအမှန်ဆိုတာ သိသည် ။ အနီးဆုံးမှာ နေ‌နေရတာတောင် ဝေးသွားရင်ဆိုပီးတွေးကြောက်တတ်လာခဲ့တာ သူ့ကြောင့်
မဟုတ်မှ ငါသူ့ကို ချစ်နေတာလား ။

ALL LIFEWhere stories live. Discover now