မည်သူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေလိုပါ။
.....................
ဒီနေ့ နွေရာသီပိတ်ရက်တွေကုန်လို့ကျောင်းတွေပြန်ဖွင့်ပြီ
ကျွန်တော်ရင်ခုန်တယ် ဘာလို့ဆိုကျောင်းတက်ရက်တရက်ဟာစိန်ခေါ်မှုတခုပဲလေကျွန်တော့အတွက်တော့
ဇွန်လ ၁ရက်နေ့
ဒီနေ့ ကျောင်းစစဖွင့်ချင်းနေ့ ကျွန်တော်မနက်စောစောထပြီးပြင်ဆင်နေမိသည်။
ကျောင်းရောက်ပြီ အတန်းထဲ၌လူများဆုံနေပြီ ခါတိုင်းနှစ်ထက်လူများပါသည် ။ဘာကြောင့်ဆို ဒီနှစ်အခန်းမလောက်၍ နှစ်ခန်းပေါင်းထားခြင်းကြောင့် ဖြစ်သည်။
လူဦးရေ ၇၀ ကျော်ရှိသည်။
မိန်းကလေးချောချောလှလှလေးများလည်းပါ၏
သို့ပေသိကျွန်တော် ဘယ်လိုမျှမနေ ပါ
တစ်စုံတစ်ယောက်ကတော့ ကျွန်တော်ပြုံးစေဖို့လုံလောက်သည် အထိစွဲဆောင်နေသည်။
ဒါနဲ့မေ့နေတာ ကျွန်တော့်ကိုယ်ကျွန်တော်မိတ်ဆက်ဖို့
ကျွန်တော့်နာမည်က 'ကျော်မျိုးနိုင်'ပါ
အခုမှ G 8 ဒါပင်မယ့် အသက်၂၀ လောက်ဟုထင်ရသည်။
ကျွန်တော့်မိဘတွေကတော့ချမ်းသာတဲ့အထဲပါသည်။
ဆက်ပြောမယ်နော် အခုန အဆက်ကို
အတန်းပိုင်ဆရာမ က ဒေါ်ခင်ယုယုမော်
ဆရာမအတန်းထဲဝင်လာပြီ
ဒေါသထွက်နေပါသည်။
၂ခန်းပေါင်းထားခြင်းကြောင့်တချို့ကျောင်းသားများနေရာမရ ကြပါ
ဆရာမသည် ခုံများထပ်ခည့်ရန်ဗျာများနေသည်။
"ကြည့်လို့ကောင်းနေကြလား ဝိုင်းသယ်လေ"
"ဒီအတန်းရဲ့အတန်းပိုင်ဆရာမက ငါ အရင်နှစ်တွေက ဘယ်သူဘာအချိုးတွေလည်း ဆိုတာလည်းအကုန်သိပြီးသား ဒီနှစ် အေးအေးဆေးဆေးစာသင်ချင် သင်မသင်ရင် ရုံခန်းပို့ပြီးကျောင်းထုတ်မယ်"
စကားပြောသံများဆူညံနေ
ကျွန်တော်ကူရန် ထလိုက်သည်။
YOU ARE READING
၁စက္ကန့် (1 second)
Adventureအချစ်ဆိုတာသိပ်ဆန်းကြယ်တယ်ဗျ မိန်းကလေးနဲ့ယောကျ်ား လေးမှ မဟုတ်ဘဲ ကျွန်တော်တို့ချစ်မိတဲ့လူဖြစ်နေဖို့သာအရေးကြီးတာပါ အချစ်ဆိုတာသိပ်ဆန်းကြယ်တယ်ဗျ မိန်းကလေးနဲ့ယောက်ျား လေးမှ မဟုတ်ဘဲ ကျွန်တော်တို့ချစ်မိတဲ့လူဖြစ်နေဖို့သာအရေးကြီးတာပါ