"ဟဲ့.....ဟိုကောင်မပေါ့ ကျော်မျိုးနိုင်နဲ့တွဲနေတာလေ"
"ဟိုကောင်မကရော ပိုင်ရှင်ရှိရင်ရှောင်ရမယ်ဆိုတာမသိဘူးလား....."
ထိုစဉ် ယုနန္ဒာဖြိုးက
"ကျော်မျိုးနိုင်ကနင်နဲ့တွဲနေတယ်......"
"တွဲနေတယ်လို့တော့ဘယ်ဟုတ်မလည်းမကြာခင်တွဲတော့မှာလေ.....အဲ့တော့နင့်ဘက်ကသူ့ကိုဖြတ်လိုက်"
"ငါနဲ့ တွဲတာ ၂ရက်ပဲရှိသေးတယ်လေ....မရ"
"ဖြတ်ဆိုဖြတ်လိုက်မဟုတ်ရင် နင့်အတွက်အာမခံချက်မရှိဘူး....."
ဟုဆိုတာ ခြိမ်းခြောက်ပြီးထွက်သွားသည်။
သူတို့မှာ အေးသိင်ဂီကျော်,မေသဇင်ဦး နှင့် မေသဇင်သိန်းတို့ ၃ယောက်ပင်ဖြစ်သည်။
"ကျော်မျိုးနိုင် နင်နဲ့ငါ ပြတ်ပြီ"
"ဘာလို့....နင့်ဘက်ကစဖြတ်တာနော် သဘောပဲ....."
ဒီလိုနဲ့ ကျော်မျိုးနိုင် တစ်ယောက် သူ့ဘက်ကမဟုတ်ဘဲ စပြီးဖြတ်ခံလိုက်ရတော့သိပ်မကြည်ပါ
သူမသိသည်က ဤသနားစရာမိန်းကလေးက ခြိမ်းခြောက်ခံရတာကိုပင်
ယုနန္ဒာဖြိုး စိတ်ထဲ ကြေကွဲနေမိသည် သူကျော်မျိုးနိုင်ကို ဘယ်လောက်ချစ်သည်မှာ သူကိုယ်တိုင်ပင်အသိဆုံး သူအဖြေတောင်းသည့်နေ့ကဆို သူ့မှာသေမတတ်ပျော်ခဲ့ရသည့် အချိန်တွေ နောက်ဆုံးတော့လည်း စဖြတ်ခဲ့သည့်လူက သူဖြစ်နေခဲ့တော့........
....................
ကျော်မျိုးနိုင် သည် နောက်ထပ်၍ တွဲဖို့ဆုံးဖြတ်လိုက်သည် ဘာလို့ဆို အကြောင်းပြချက်က အရင်အတိုင်းမင်းဟိန်းကတော့နဲနဲမျှ သဝန်မတိုပါ.... အားတောင်ပေးလိုက်သည်
တစ်ခါတလေကြပြန်တော့လည်းကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်ရတာထက် သူပျော်နေတာလေးပဲ ငေးကြည့်နေရရုံ က သူ့အတွက်ရော ကိုယ့်အတွက်ပါ စိတ်ချမ်းမြေ့စရာမျိုးပါ
သူထပ်မံပြီး သူ့ကို ရေလာမြောင်းပေးနေတဲ့ အေးသိင်ဂီကျော် နဲ့တွဲဖို့ဆုံးဖြတ်လိုက်ရသည် ညကျတော့ စကားသွားပြောရာ ချက်ချင်းလက်ခံသည်တဲ့လား....ဟားဟား.....
YOU ARE READING
၁စက္ကန့် (1 second)
Adventureအချစ်ဆိုတာသိပ်ဆန်းကြယ်တယ်ဗျ မိန်းကလေးနဲ့ယောကျ်ား လေးမှ မဟုတ်ဘဲ ကျွန်တော်တို့ချစ်မိတဲ့လူဖြစ်နေဖို့သာအရေးကြီးတာပါ အချစ်ဆိုတာသိပ်ဆန်းကြယ်တယ်ဗျ မိန်းကလေးနဲ့ယောက်ျား လေးမှ မဟုတ်ဘဲ ကျွန်တော်တို့ချစ်မိတဲ့လူဖြစ်နေဖို့သာအရေးကြီးတာပါ