2🔥

1.7K 165 64
                                    

" ကြွေလွှင့်သွားပြီဖြစ်သော ဂျွန်တိုင်းပြည်၏ မင်းကြီးဂျွန်ဂါဝမ်ရဲ့
မိဖုရားခေါင် ဂျွန်ယူဂျောင် ဝိညာဉ်တော် အေးချမ်းစွာဖြင့်
ကောင်းကင်ဘုံသို့ ခညောင်းပါစေ.  . "

အထက်မိုးကောင်းကင်တစ်ခုလုံးသည်
ရဲရဲတောက်နေသည်က မနေ့ညသန်းခေါင်ယံအချိန်ကစ၍ ယခုအချိန်ထိပျောက်ကွယ်မသွားသေးပေ။

များစွာသော တိုင်းသူပြည်သားတို့နှင့်အတူ
နန်းတော်အလယ်တွင် ဂျွန်မင်းကြီး တစ်ယောက် ငူငူငိုင်ငိုင်ဖြင့်
စိတ်နှလုံးဂျုံးဂျုံးကျနေသည်။
မဟုတ်၊ နှလုံးသားက အစိမ်းလိုက်​ကွဲကြေသွားသလိုပင်။
လုံးဝပြန်မရနိုင်တော့သော ဆုံးရှုံးမှုက အသည်းအိမ်ကို မီးမြှိုက်သကဲ့သို့ ပူလောင်ရသည်၊ နာကျင်ရသည်။
လက်ထဲတွင်တော့ မနေ့သန်းခေါင်ယံကမှမီးရှူးသန့်စင် မွေးဖွားလာသော တော်ဝင်သွေးသားကလေးက အနှီးထုတ်လေးနှင့် ရှိနေလေ၏။

တစ်​ဦးတည်းသော ချစ်ရသူ ဤမိဖုရားသည်တော့
ချယ်ရီပန်းဖတ်တွေ ပြည့်နှက်နေတဲ့ မီးစင်ပေါ် လှဲလျောင်းနေခဲ့ပြီဖြစ်ရာ
ရွှေစင်ရုပ်သဖွယ်အတိပြီးသော မျက်နှာတော်ဟာ
အိပ်ပျော်နေသည့်နှယ်. .။လှပနေသေးသည်။နုပျိုနေသေးသည်။

ကိုယ်တို့တွေ တွေ့ဆုံခဲ့ချိန်က မနေ့တနေ့ကလိုပဲ ယူဂျောင်. .။

ပြောနေကျစကားတွေဆိုပေမယ့် ' ငါ အသက်ကြီးသွားလို့ မလှတော့ရင် နင်ချစ်အုံးမှာလား ' ဆိုတဲ့ စကားကို ထပ်မမေးတော့ဘူးလား။ ထပ်ကြားချင်မိသေးတယ်။
ရီသံခိုးခိုးခစ်ခစ်လေးနဲ့ ပျော်လွှင့်နေတဲ့ ပုံရိပ်လေးကို ထပ်မတွေ့ရမှာတော့မှာက ဘဝရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုပါ။

စောစောစီးစီး နှုတ်ဆတ်သွားတဲ့ အတွက်လည်း စိတ်ဆိုးမိတယ်။
သိလား၊ ဒီဘုရင်က မင်းနဲ့မှပဲ ပျော်ရွှင်မှုရခဲ့တယ်ဆိုတာ။
စွာတေးလန် မိန်းခလေးတယောက်တည်းကိုပဲ ချစ်ခဲ့တယ်ဆိုတာ။
အမြဲတမ်းပြောခဲ့သလိုပဲ သိပ်ချစ်တယ်.  . ၊
ကောင်းကင်ဘုံမှာ ကိုယ့်ကို စောင့်နေပေးနော်။

မင်းကိုယ်ပွား ဒီတော်ဝင်ရတနာလေးကို
ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးပြီးခဲ့တာနဲ့
ကိုယ်လိုက်လာခဲ့ပါ့မယ်. . ။

BLOODY  LORD Where stories live. Discover now